- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကရိန်းအတွက် ပိုလန်ဘက်က တိုက်လေယာဉ်များပေးမည့် အစီအစဉ် အမေရိကန် လက်မခံ
နေတိုးမဟာမိတ် ပိုလန်နိုင်ငံက ၎င်းပိုင်ဆိုင်သည့် ရုရှားလုပ် MiG-29 တိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ ပေးအပ်နိုင်ရန်အတွက် ဂျာမနီတွင်အခြေစိုက်ထားသည့် အမေရိကန်စစ်စခန်းသို့ လွှဲပြောင်းပေးမည့် အစီအစဉ်အား အမေရိကန်ဘက်က ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Mar 2022
DMG | မတ် ၉
နေတိုးမဟာမိတ် ပိုလန်နိုင်ငံက ၎င်းပိုင်ဆိုင်သည့် ရုရှားလုပ် MiG-29 တိုက်လေယာဉ်များအား ယူကရိန်းနိုင်ငံသို့ ပေးအပ်နိုင်ရန်အတွက် ဂျာမနီတွင်အခြေစိုက်ထားသည့် အမေရိကန်စစ်စခန်းသို့ လွှဲပြောင်းပေးမည့် အစီအစဉ်အား အမေရိကန်ဘက်က ငြင်းပယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် ယူကရိန်းအတွက် လက်နက်အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။ သို့သော်လည်း တိုက်လေယာဉ်များအား နေတိုးနယ်မြေ တစ်ခုခုမှနေ၍ စစ်ပွဲဖြစ်ပွားရာဒေသသို့ ပေးအပ်ခြင်းသည် “နေတိုးမဟာမိတ် တစ်ဖွဲ့လုံးအတွက် အရေးကြီးသည့် စိုးရိမ်ဖွယ်ရာများ ပေါ်ထွက်လာစေသည်” ဟု ပင်တဂွန်က ပြောကြားသည်။
နေတိုးအဖွဲ့က မိမိတို့သည် ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခ မဖြစ်ပွားလိုကြောင်း ပြောကြားထားသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည်လည်း ယူအက်စ်တပ်ဖွဲ့ဝင်များအား ယူကရိန်းတွင် တိုက်ခိုက်ရန် စေလွှတ်ထားခြင်း မရှိပေ။
“ဒီကိစ္စနဲ့ ရှိလာနိုင်တဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကို ပိုလန်အပါအဝင် အခြား နေတိုးမဟာမိတ်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးသွားမှာပါ။ ဒါပေမဲ့ ပိုလန်ရဲ့ အဆိုပြုချက်ဟာ ယုတ္တိရှိတယ်လို့တော့ ကျွန်တော်တို့ မယုံကြည်ပါဘူး” ဟု ပင်တဂွန်ပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားသည်။
ယူကရိန်းလေယာဉ်မှူးများသည် ရုရှားလုပ် တိုက်လေယာဉ်များကို ပိုမိုကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင်နိုင်သဖြင့် ဥရောပနိုင်ငံများတွင်ရှိသည့် ရုရှား တိုက်လေယာဉ်များကို ထောက်ပံ့ပေးကြရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စီးက ဥရောပနိုင်ငံများကို စနေနေ့တွင် တောင်းဆိုခဲ့သည်။
ပိုလန်သည် နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး ယူကရိန်းကို ကာကွယ်ရေးလက်နက်များ ထောက်ပံ့လျက်ရှိသည်။ သို့သော်လည်း ယူကရိန်း-ရုရှားပဋိပက္ခတွင် ပိုလန်အနေဖြင့် တိုက်ရိုက်သက်ဆိုင်သူမဟုတ်သဖြင့် တိုက်လေယာဉ်များအား ပေးအပ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
မိမိတို့ပိုင်ဆိုင်သည့် MiG-29 တိုက်လေယာဉ်များအား ဂျာမနီရှိ ရမ်းစတိုင်း လေတပ်စခန်းသို့ ပေးပို့ပြီး အမေရိကန်တို့အလိုရှိသလို သုံးခွင့်ပေးရန် အသင့်ရှိကြောင်း ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပိုလန်၏ ထုတ်ပြန်ချက်ကြောင့် မိမိတို့ အံ့အားသင့်ခဲ့ရသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ အဆင့် ၃ သံတမန်တစ်ဦးက ဆိုသည်။
“ကျွန်မသိသလောက်ဆိုရင် ဒီလေယာဉ်တွေပေးမယ် ဆိုတဲ့အကြောင်းကို ကျွန်မတို့ကို ကြိုတင်တိုင်ပင်ခဲ့တာ မရှိပါဘူး” ဟု အမေရိကန်နိုင်ငံခြားရေးဌာနမှ ဗစ်တိုးရီးယားနူလန်က လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီ ကြားနာပွဲသို့ ပြောကြားခဲ့သည်။
ရုရှားကိုတိုက်ရန် ယူကရိန်းအတွက် လေယာဉ်ကွင်းများ ထောက်ပံ့ပေးသည့် နိုင်ငံများသည် ပဋိပက္ခတွင်းသို့ ဝင်ပါခြင်းဖြစ်သည်ဟု ရုရှားဘက်က သတ်မှတ်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း သတိပေးပြောကြားထားသည်။