- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရုရှားတွင် ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းက နိုင်ငံရေးမကျေနပ်မှုဖြစ်အောင် လှုံ့ဆော်ပေးနေ
ကိုဗစ်ကပ်ဘေးကြောင့် နှေးကွေးနေရသည့် ရုရှားနိုင်ငံ၏ စီးပွားရေးနှင့်အတူ နိုင်ငံတွင်း ဆင်းရဲမွဲတေမှု မြင့်တက်လာနေသဖြင့် ပူတင်အစိုးရအပေါ် လူထု၏ မကျေနပ်မှုများ မြင့်တက်လာနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Feb 2021
ကိုဗစ်ကပ်ဘေးကြောင့် နှေးကွေးနေရသည့် ရုရှားနိုင်ငံ၏ စီးပွားရေးနှင့်အတူ နိုင်ငံတွင်း ဆင်းရဲမွဲတေမှု မြင့်တက်လာနေသဖြင့် ပူတင်အစိုးရအပေါ် လူထု၏ မကျေနပ်မှုများ မြင့်တက်လာနေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်း၊ ဝင်ငွေနိမ့်ကျလာခြင်းနှင့် ကပ်ဘေးကာလအတွင်း အစိုးရထောက်ပံ့မှု မယ်မယ်ရရ မရှိခြင်းတို့ကြောင့် ရုရှားလူထုသည် သမ္မတဗလာဒီမာပူတင်၏ နှစ် ၂၀ ကြာ အုပ်ချုပ်မှုကို မကျေမနပ် ဖြစ်လာကြပြီး အတိုက်အခံအုပ်စုအပေါ် ထောက်ခံမှု မြင့်တက်လာနေကြောင်း လေ့လာသူများ၏ အဆိုအရ သိရသည်။
အကျဉ်းကျခံနေရသည့် အတိုက်အခံခေါင်းဆောင် နာဗာနီ၏ တောင်းဆိုမှုဖြင့် ပြီးခဲ့သောသီတင်းပတ်များအတွင်း လူပေါင်းသောင်းချီ ဆန္ဒဖော်ထုတ်မှုများ ရုရှားနိုင်ငံတစ်ဝန်း၌ ပေါ်ပေါက်ခဲ့သည်။ အတိုက်အခံအုပ်စုသည် လာမည့် စက်တင်ဘာရွေးကောက်ပွဲ အကြိုအဖြစ် ဆန္ဒထုတ်ဖော်မှုများ တိုးမြှင့်ဆောင်ရွက်ရန်လည်း စီစဉ်လျက်ရှိသည်။
ရုရှားတွင် အမှန်တကယ် သုံးစွဲနိုင်သောဝင်ငွေ ပမာဏသည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဆက်တိုက်ကျဆင်းနေခဲ့ပြီး ၂၀၂၀ တွင် ၃.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ အခြေခံစားသောက်ကုန်အတွက် ကုန်ကျစရိတ်လည်း ထိုးတက်ခဲ့သည်။ ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော အစိုးရ၏ လုပ်ရပ်များသည်လည်း မထိရောက်ခဲ့ပေ။
အစိုးရအနေဖြင့် လွှတ်တော်ရွေးကောက်ပွဲ မတိုင်မီ စီးပွားရေးအစီအစဉ်သစ်တစ်ခု ချပြပြီး လူမှုရေးမကျေနပ်ချက်များကို ဖြေလျှော့ရန် ဆောင်ရွက်နိုင်ခြေ ရှိကြောင်း FBK Grant Thornton အကြံပေးအဖွဲ့၏ မဟာဗျူဟာ သုတေသနအကြီးအကဲ အီဂေါ်နီကိုလာယက်ဗ်က ပြောကြားသည်။
ရုရှားသည် လက်ရှိ၌ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် လောင်စာဆီဈေး ကျဆင်းမှု၊ ပူးတွဲရင်းနှီးမြှုပ်နှံမှုများ လျော့ကျမှုကိုလည်း ရင်ဆိုင်နေရသည်။