- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်သည် ရုရှားအတွက် အကြီးဆုံးခြိမ်းခြောက်မှုတစ်ရပ်ဟု ရေတပ်အထိမ်းအမှတ်နေ့တွင် ပူတင်ပြော
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေတပ်မူဝါဒအသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး အဆိုပါစာတမ်း၌ အမေရိကန်ပြည်ထောင်စုကို အမေရိကန်ကို ရုရှားအတွက် အကြီးဆုံးခြိမ်းခြောက်မှုတစ်ရပ်ဟု ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Aug 2022

DMG ၊ ဩဂုတ် ၁
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေတပ်မူဝါဒအသစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး အဆိုပါစာတမ်း၌ အမေရိကန်ပြည်ထောင်စုကို အမေရိကန်ကို ရုရှားအတွက် အကြီးဆုံးခြိမ်းခြောက်မှုတစ်ရပ်ဟု ဖော်ပြထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားအတွက် အကြီးဆုံးသောခြိမ်းခြောက်မှုသည် “ကမ္ဘာ့သမုဒ္ဒရာများကို လွှမ်းမိုးချုပ်ကိုင်လိုသည့် အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမူဝါဒ” ဖြစ်ကြောင်း စာမျက်နှာ ၅၅ မျက်နှာရှိသော မူဝါဒအသစ်တွင် ဖော်ပြထားသည်။
ရုရှားနယ်နိမိတ်နှင့် နီးကပ်လာနေသည့် နေတိုးစစ်ရေးမဟာမိတ် အုပ်စု၏ လှုပ်ရှားမှုများကိုလည်း ခြိမ်းခြောက်မှုအဖြစ် ဖော်ပြထားသည်။
စိန့်ပီတာစဘက်တွင် ပြုလုပ်သည့် ရေတပ်အထိမ်းအမှတ်နေ့တွင် သမ္မတပူတင်သည် မိန့်ခွန်းအတိုတစ်ရပ်ကိုလည်း ပြောကြားခဲ့ပြီး ရုရှား၏ အသံထက်မြန်သော ဇီခရွန်ဟိုက်ပါဆိုးနစ်ဒုံးလက်နက် အကြောင်းကိုလည်း ထည့်သွင်းပြောကြားပြီး ကျူးကျော်ရန်စသူများအား အနိုင်တိုက်ရန် ရုရှားတွင်အင်အားရှိကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
ပူတင်၏မိန့်ခွန်းတွင် ယူကရိန်းအရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားမှုမျိုး မရှိခဲ့ပေ။ သို့သော်လည်း မူဝါဒအသစ်၌ ရုရှား၏ ပထဝီနိုင်ငံရေးအင်အားကို ပင်လယ်နက်နှင့် အာဇော့ပင်လယ်ပြင်များတွင် အားကောင်းခိုင်မာလာစေရေးကို ထည့်သွင်းဖော်ပြထားသည်။
သံတမန်ရေးရာနှင့် စီးပွားရေးနည်းနာများကဲ့သို့ အခြားသော ညင်သာသည့်အင်အားများဖြင့် အလုပ်မဖြစ်တော့ပါက ရုရှားအနေဖြင့် ကမ္ဘာ့သမုဒ္ဒရာရေပြင် အရေးများတွင် စစ်ရေးအင်အားကို ဆီလျော်သလို သုံးကောင်းသုံးသွားနိုင်သည်ဟုလည်း မူဝါဒအသစ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာဖြင့်ဆိုလျှင် ရုရှားတွင် လုံလောက်သော ရေတပ်စခန်းများ မရှိကြောင်းလည်း မူဝါဒသစ်တွင် ထည့်သွင်းဖော်ပြထားသည်။