- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
လျှပ်စစ်မီးပြတ်တောက်မှုနှင့် တောမီးလောင်ကျွမ်းမှုတို့ကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တွင် လူသန်းပေါင်းများစွာ အပူဒဏ်ခံရ
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် သောကြာနေ့က လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အပူဒဏ်ဆိုးရွားစွာ ရင်ဆိုင်နေရသည့် ပြည်သူသန်းပေါင်းများစွာအတွက် ပိုမို အခက်ကြုံခဲ့ကြရကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Apr 2022
DMG ၊ ဧပြီ ၃၀
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် သောကြာနေ့က လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် အပူဒဏ်ဆိုးရွားစွာ ရင်ဆိုင်နေရသည့် ပြည်သူသန်းပေါင်းများစွာအတွက် ပိုမို အခက်ကြုံခဲ့ကြရကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချာပရာဒက်ရှ်ပြည်နယ်တွင် ပြီးခဲ့သော မကြာသေးမီသီတင်းပတ်များမှ စတင်၍ တောမီးများ အကြိမ်ရေရာနှင့်ချီ လောင်ကျွမ်းလျက်ရှိကာ မီးလောင်လွယ်သည့် ထင်းရှူးပင်အုပ်ကြီးများကို ဝါးမျိုလောင်ကျွမ်းလျက်ရှိသည်။
ဟီမာချာပရာဒက်ရှ်ပြည်နယ်သည် ပုံမှန်အားဖြင့် နှစ်စဉ် ယခုကာလရောက်လျှင် မိုးရွာခြင်း၊ မိုးသီးကြွေကျခြင်းမျိုးအပြင် ကုန်းမြင့်ဒေသများတွင် နှင်းများကျဆင်းသည်အထိ မြင်ရလေ့ရှိသော်လည်း ယခုနှစ်တွင် နှစ်လခန့်အထိ အဆိုပါဖြစ်ရပ်များ လုံးဝမရှိသည့်နေရာများရှိနေပြီဖြစ်ကာ မီးလောင်ကျွမ်းမှုကို ပိုမိုဆိုးရွားစေလျက်ရှိသည်။
နယူးဒေလီတွင် သောကြာနေ့က အပူချိန်သည် ၄၃ ဒီဂရီဆဲစီးယပ်အထိ ရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားပေး စက်ရုံအများအပြားတွင် တစ်ရက်စာအတွက်ပင် ကျောက်မီးသွေး မလုံလောက်တော့ကြောင်း သက်ဆိုင်ရာ စက်ရုံများမှ ပြောကြားမှုများရှိသည်။
အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံး၌ လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ရသော အကြောင်းရင်းများအနက် ကျောက်မီးသွေးပြတ်လပ်မှုလည်း ပါဝင်သည်။ ယခုနှစ် မတ်လနှင့် ဧပြီလတွင် ပိုမှန်ထက်မြင့်မားသည့် အပူဒဏ်ကြောင့် စွမ်းအင်သုံးစွဲမှု ပိုများကာ ကျောက်မီးသွေး
အလွန်အကျွံအသုံးပြုခဲ့ရသည်။
ပါကစ္စတန်ရှိ မြို့ကြီးများတွင် ပြီးခဲ့သော သီတင်းပတ်အတွင်း တစ်နေ့လျှင် ရှစ်နာရီအထိ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အချို့သော ဆင်ခြေဖုံးဒေသများ၌ တစ်နေ့လျှင် ၁၂ နာရီအထိ ပြတ်တောက်ခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် စွမ်းအင်အခက်အခဲနှင့် ဝန်အားလျှော့ချမှုများရှိနေကြောင်း ပါကစ္စတန်စွမ်းအင်ဝန်ကြီး ခါရန်ဒါဂျီယာခန်က ပြောကြားသည်။ လောင်စာဆီပြတ်လပ်မှုနှင့် နည်းပညာပြဿနာများကြောင့် ဖြစ်ရကြောင်း သူကဆိုသည်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် အပူချိန်အလွန်အမင်း မြင့်တက်လာမှုကြောင့် ရေခဲများ အရည်ပျော်ကျပြီး ရေလွှမ်းမိုးမှုများဖြစ်လာနိုင်ကြောင်းလည်း ပါကစ္စတန်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက သတိပေးထားသည်။