- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အနောက်အုပ်စုနှင့် တင်းမာမှုများရှိနေချိန် ရှီကျင့်ဖျင်နှင့် ဗလာဒီမာပူတင်တို့ တွေ့ဆုံ
တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂ နှစ်နီးပါးကာလအတွင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၅
တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂ နှစ်နီးပါးကာလအတွင်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦးနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သောကြာနေ့တွင် တွေ့ဆုံခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အနောက်အုပ်စုနှင့် တင်းမာမှုများ မြင့်တက်နေသည့် သမ္မတပူတင်သည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်နေချိန်၌ သမ္မတရှီကျင့်ဖျင်နှင့် ယခုကဲ့သို့ လူချင်းတွေ့ဆုံခဲ့ကြခြင်းလည်း ဖြစ်သည်။
သမ္မတရှီကျင့်ဖျင်သည် တရုတ်ပြည် ဝူဟန်မြို့တွင် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ဇန်နဝါရီလတည်းက တရုတ်နိုင်ငံပြင်ပသို့ လုံးဝမထွက်ဘဲ နေခဲ့သည်။
ယခုအခါ တရုတ်တွင် ကျင်းပနေသည့် ဆောင်းရာသီအိုလံပစ် ပွဲတော်သို့ ရောက်ရှိလာသည့် ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော်ကို တောက်လျှောက် တွေ့ဆုံလျက်ရှိသည်။
အနောက်အုပ်စု၏ ဝေဖန်မှုများကို တိုးမြင့်ရင်ဆိုင်လာနေရသည့် တရုတ်နှင့် ရုရှားနှစ်နိုင်ငံလုံးသည် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေးအတွက် ယခုကဲ့သို့ တွေ့ဆုံခဲ့ကြခြင်းလည်း ဖြစ်သည်။
ယခုတွေ့ဆုံမှုမှတစ်ဆင့် တရုတ်-ရုရှားဆက်ဆံရေးကို ပိုမိုအသက်ဝင်လာစေမည်ဟု ယုံကြည်ကြောင်း သမ္မတရှီကျင့်ဖျင်က ပြောကြားသည်ဟု တရုတ်ပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြသည်။
မော်စကိုသည် ယူကရိန်းနယ်စပ်တွင် တပ်သားအင်အား တစ်သိန်းခန့် နေရာချထားသည်။ ရုရှား၏ လုပ်ရန်သည် ယူကရိန်းသို့ကျူးကျော်ရန် ခြိမ်းခြောက်နေသည့် ပုံစံဖြစ်နေပြီး ရုရှားကသာ တိုက်ခိုက်မှုများ ပြုလုပ်လာပါက ပြင်းထန်သော အကျိုးဆက်များ တုံ့ပြန်သွားမည်ဟု အမေရိကန်အပါအဝင် အနောက်နိုင်ငံများက သတိပေးထားသည်။
နှစ်နိုင်ငံအကြား ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်၌ နေတိုးအဖွဲ့၏ ခြေလှမ်းချဲ့ထွင်လာမှုကို ကန့်ကွက်သလို အမေရိကန်ဦးဆောင်သည့် ကာကွယ်ရေးအဖွဲ့ဝင်များအနေဖြင့်လည်း စစ်အေးတိုက်ပွဲကာလ ဖန်တီးနေခြင်းကို ရုတ်သိမ်းကြရန် တောင်းဆိုထားသည်ဟု ရုရှားအစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရုရှားသည် တရုတ်ပြည်အရှေ့ဖျားပိုင်းသို့ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၀ ဘီလျံ ပေးပို့ရေးအတွက် စာချုပ်အသစ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်းလည်း သမ္မတပူတင်က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။