- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ယူကရိန်းအရေးနှင့် ပတ်သက်၍ စစ်ရေးအရ ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပူတင် သတိပေး
ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်အုပ်စု၏ စိမ်းကားသော လုပ်ရပ်များကို စစ်ရေးအရ ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတိပေးပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Dec 2021
DMG ၊ ဒီဇင်ဘာ ၂၅
ယူကရိန်းအရေးနှင့် ပတ်သက်၍ အနောက်အုပ်စု၏ စိမ်းကားသော လုပ်ရပ်များကို စစ်ရေးအရ ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာလ ၂၁ ရက်နေ့က သတိပေးပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂျာမနီအကြီးအကဲအသစ် အိုလက်ရှော့ဇ်နှင့် ဆက်သွယ်စကားပြောစဉ် ပူတင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရုရှား၏ လုံခြုံရေးအတွက် အမေရိကန်၊ နေတိုးအုပ်စုတို့နှင့် အရေးကြီးသော ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း သမ္မတပူတင်က တောင်းဆိုခဲ့သည်။
ရုရှား-ယူကရိန်းနယ်စပ်တွင် အမေရိကန်နှင့် ဝါရှင်တန်ဦးဆောင်သည့် နေတိုးအုပ်စုက စစ်ရေးအရ တင်းမာမှုများရှိလာအောင် လှုံ့ဆောင်မှုများ ပြုလုပ်နေကြောင်း ပြီးခဲ့သော သီတင်းပတ်များအတွင် သမ္မတပူတင်သည် တောက်လျှောက်ပြောကြားမှုများ ရှိခဲ့သည်။
သို့သော်လည်း စစ်ရေးအရ ဖြစ်လာနိုင်ခြေရှိသည့် အနေအထားများကို ပြောကြားသည်မှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။
စိမ်းကားသည့် ခြေလှမ်းများအား ရုရှားဘက်က ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပူတင်က ပြောသည်။ မိမိတို့တွင် ထိုသို့ ဆောင်ရွက်ပိုင်ခွင့်လည်း ရှိကြောင်း သူက ဖြည့်စွက်ပြောကြားသည်။
ရုရှားသည် ယခင်က ဆိုဗီယက်အိမ်နီးချင်းဟောင်း ယူကရိန်းအပေါ် အကြီးအကျယ် ထိုးစစ်ဆင်နွှဲရန် ပြင်ဆင်နေကြောင်း အမေရိကန်ပြည်ထောင်စုက သတိပေး ပြောကြားလျက်ရှိသလို ရုရှားဘက်က အဆိုပါလုပ်ရပ်များ ရှိလာပါက နောက်ဆက်တွဲ ဒဏ်ခတ်အရေးယူမှုများ ရင်ဆိုင်ရမည်ဟုလည်း အမေရိကန်က သတိပေးထားသည်။
ရုရှားသည် ယူကရိန်း အရှေ့ပိုင်းနယ်စပ်တွင် စစ်အင်အား ၁ သိန်းခန့် တပ်ဖြန့်နေကြောင်း အနောက်အုပ်စုက စွပ်စွဲထားသည်။ အဆိုပါနေရာ၌ ရုရှားထောက်ခံသည့် ခွဲထွက်ရေးသမားများသည် ၂၀၁၄ ခုနှစ်တည်းက လက်နက်ကိုင်တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။
ရုရှားကမူ ယူကရိန်းသို့ ကျူးကျော်ရန် ပြင်ဆင်နေသည် ဆိုသည့် စွပ်စွဲချက်များကို ငြင်းပယ်ထားပြီး ရုရှား၏ လုံခြုံရေးအတွက် အာမခံချက်ပေးရန်၊ နေတိုး မဟာမိတ်အုပ်စု၏ တပ်ဖွဲ့များ အရှေ့ပိုင်းသို့ တိုးချဲ့ နေရာချထားခြင်းများကို ရပ်တန့်ပေးရန် အမေရိကန်နှင့် နေတိုးအုပ်စုတို့ကို တောင်းဆိုထားသည်။