ကမ္ဘာ့ကုန်သွယ်ရေး နှေးကွေးစွာ ပြန်လည်ရုန်းထလာသော်လည်း ရှေ့ရေးမသေချာ

တစ်ကမ္ဘာလုံးကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၀ တတိယသုံးလပတ်အတွင်း တရုတ်မှဦးဆောင်ပြီး ပြန် လည်ဦးမော့လာမည့် လက္ခဏာရှိသော်လည်း  ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။  

By Foreign Desk 24 Oct 2020

ဆောက်သမ်တန်သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသော ကွန်တိန်နာသင်္ဘောတစ်စီးအား ၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)


တစ်ကမ္ဘာလုံးကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၀ တတိယသုံးလပတ်အတွင်း တရုတ်မှဦးဆောင်ပြီး ပြန် လည်ဦးမော့လာမည့် လက္ခဏာရှိသော်လည်း  ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်ကြောင်း အောက်တိုဘာလ ၂၁ ရက်က ထုတ်ပြန်သည့် ကုလသမဂ္ဂအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။  

ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံ၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးပျက်ယွင်းလာချိန် ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍတွင် ဒုတိယသုံးလပတ်အတွင်း ၁၉ ရာခိုင်နှုန်း အထိ ယခုနှစ်တွင်ကျဆင်းလာပြီး ကမ္ဘာ့ဒေသတိုင်းအပေါ် စီးပွား ရေးထိခိုက်မှုရှိကြောင်း သိရသည်။

ကမ္ဘာ့ကုန်သွယ်ရေးသည် ယမန်နှစ် အလားတူကာလနှင့်ယှဉ်လျှင် ၄.၅ ရာခိုင်နှုန်း အောက်လျော့နည်းနေ သော်လည်း တတိယသုံးလပတ်အတွင်း အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာခဲ့ ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

မော်တော်ယာဉ်နှင့် စွမ်းအင်ကဏ္ဍတွင် ကုန်သွယ်မှုတန်ဖိုးပိုမိုလျော့နည်းလာစဉ် အိမ်သုံးရုံးပစ္စည်းနှင့် ဆေးပစ္စည်းများ ကုန်သွယ်ရေးမှာ တတိယသုံးလပတ်တွင် တိုးတက်လာခဲ့ကြောင်း ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကုလသမဂ္ဂညီလာခံအေဂျင်စီက ရေးသားခဲ့သည်။ ချည်မျှင်နှင့် အထည်အလိပ် ကဏ္ဍတွင်လည်း ပိုမိုများပြားလာသည်ကိုတွေ့ရသည်။

၂၀၂၀ ပြည့်နှစ် နောက်ဆုံးသုံးလပတ်အတွက် ယခုနှစ်တွင် ကြိုတင်ခန့်မှန်းချက်အောက် ၃ ရာခိုင်နှုန်း ရှိခဲ့ သော်လည်း အစီရင်ခံစာတွင်မူ ကပ်ရောဂါပြောင်းလဲမှုအခြေအနေကြောင့် မရေရာမူများကြုံတွေ့ခဲ့ ရကြောင်းဆိုသည်။

အကယ်၍ ကပ်ရောဂါသည် လာမည့်လများတွင် ပြန်လည်ခေါင်းထောင်လာမည်ဆိုပါက မူဝါဒချမှတ် သူများအတွက် ပိုမိုဆိုးဝါးလာစေမည့်အခြေအနေဖြစ်သွားနိုင်ပြီး ကုန်သွယ်ရေးဆိုင်ရာ ပိုမိုတင်းကျပ် သည့်မူဝါဒများ ထပ်မံချမှတ်လာနိုင်ကြောင်း အဆိုပါ ကုလသမဂ္ဂအေဂျင်စီက သုံးသပ်ထားသည်။

တရုတ်၏ ပို့ကုန်သည် ကပ်ရောဂါအစပိုင်းလများတွင် ကျဆင်းခဲ့ပြီးနောက် တတိယသုံးလပတ် အရောက်တွင် အင်အားကောင်းစွာပြန်လည်မြင့်တက်လာခဲ့သည်။ နှစ်စဉ်တိုးတက်မှုအားဖြင့် ၁၀ ရာခိုင်နှုန်း နီးပါးအထိ မြင့်တက်လာခဲ့ကြောင်း UNCTAD ကဖော်ပြခဲ့သည်။

ဇွန်လတွင်စီးပွားရေး ပြန်လည်တိုးတက် မှုများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) က ကုန်သွယ်ရေးအခြေအနေအပေါ် မူလခန့်မှန်းချက်ကို ယခုလအစောပိုင်းတွင် ပြန်လည် ပြင်ဆင်ခဲ့ပြီး ၂၀၂၀ တွင် ၉.၂ ရာခိုင်နှုန်း အထိ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သည်။

သို့သော်လည်း ကိုဗစ်ဒုတိယလှိုင်းအတွင်း ကူးစက်မှုအန္တရာယ် ပိုမြင့်တက်လာမှုနှင့်အတူ လော့ဒေါင်းပိတ်ဆို့မှုများ တို့မြှင့်ဆောင်ရွက်လာကြသဖြင့် ၂၀၂၁ ခုနှစ်တွင် ကုန်သွယ်မှုသည် နှေးကွေးလေးလံစွာဖြင့် ပြန်လည်မြင့်တက်လာနိုင်သည်ဟု WTO က ခန့်မှန်းထားသည်။