- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ လစ်သူယေးနီးယားနိုင်ငံမှ ရောက်ရှိ
ယူကရိန်းအတွက် လစ်သူယေးနီးယားနိုင်ငံမှ လေယာဉ်ဖြင့် ပေးပို့လာသော စတင်းဂါး လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များနှင့် လက်နက်များကို တနင်္ဂနွေနေ့တွင် လက်ခံရရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၄
ယူကရိန်းအတွက် လစ်သူယေးနီးယားနိုင်ငံမှ လေယာဉ်ဖြင့် ပေးပို့လာသော စတင်းဂါး လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များနှင့် လက်နက်များကို တနင်္ဂနွေနေ့တွင် လက်ခံရရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တနင်္ဂနွေနေ့ အစောပိုင်းကလည်း အမေရိကန်အစိုးရက လေယာဉ်နှစ်စီးဖြင့် ပေးပို့လာသည့် လက်နက်ခဲယမ်း တန် ၁၈၀ ခန့် လက်ခံရရှိခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စီရက်နီကော့က ပြောကြားသည်။
ယူကရိန်းသည် လက်ရှိအချိန်အထိ လေယာဉ် ၁၇ စီးဖြင့် ရောက်ရှိလာသည့် လက်နက်ခဲယမ်းများ လက်ခံရရှိထားပြီဖြစ်ကာ စုစုပေါင်းတန်ချိန် ၁၅၀၀ ခန့် ရှိကြောင်း ဝန်ကြီးက တွစ်တာတွင် ရေးသားထားသည်။
ယူကရိန်းသည် နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ကို မဟာမိတ်များ၏ အကူအညီဖြင့် အင်အားဖြည့်တင်းနေပြီး အထူးသဖြင့် အမေရိကန်နှင့် ဗြိတိသျှတို့ထံမှ ရရှိသည့် တင့်ကားဖျက်စနစ်များ၊ တူရကီဒရုန်းများဖြင့် လက်နက်ပြင်ဆင်လျှက်ရှိကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိများက ပြောကြားသည်။
ရုရှားသည် ယူကရိန်းနယ်စပ်တွင် တပ်ဖွဲ့အင်အား တစ်သိန်းကျော် နေရာချထားသည်။ ယူကရိန်းသို့ ရုရှားဘက်က အချိန်မရွေး ကျူးကျော်တိုက်ခိုက်လာနိုင်ခြေကို အမေရိကန်နှင့် မဟာမိတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။
တစ်ချိန်တည်း၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယူကရိန်းတွင် မဖြစ်မနေလိုအပ်သော ဝန်ထမ်းများမှအပ အခြား သံရုံးဝန်ထမ်းများအားလုံး နိုင်ငံမှ အပြီးအပိုင် ထွက်ခွာကြရန် ပြီးခဲ့သော စနေနေ့တွင် အမိန့်ထုတ်ပြန်ခဲ့သည်။