- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကင်းလှည့်စက်ရုပ်များဖြင့် စောင့်ကြပ်ခံရမှုကြောင့် စင်္ကာပူလူထုအကြား စိုးရိမ်မှုမြင့်တက်
"မလိုလားအပ်သော လူမှုရေးအပြုအမူ" လုပ်ဆောင်နေသူများကို တွေ့ရှိပါက အချက်ပေးသံမြည်သော ကင်းလှည့်စက်ရုပ်များကို စင်ကာပူနိုင်ငံက စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။
11 Oct 2021

DMG ၊ အောက်တိုဘာ ၁၁
"မလိုလားအပ်သော လူမှုရေးအပြုအမူ" လုပ်ဆောင်နေသူများကို တွေ့ရှိပါက အချက်ပေးသံမြည်သော ကင်းလှည့်စက်ရုပ်များကို စင်ကာပူနိုင်ငံက စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။
ထိုစက်ရုပ်သစ်များတွင် လူများနှင့် နေရာများကို အနီးကပ်ကြည့်ရှု စောင့်ကြပ်သည့် နည်းပညာများ ထည့်သွင်းပါရှိပြီး ၎င်းမှာ စည်းကမ်းတကျ တင်းကျပ်စွာ အုပ်ချုပ်ထားသော စင်ကာပူနိုင်ငံရှိ လူများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုများ ထိခိုက်လာမည်ကို စိုးရိမ်ကြောင့်ကြနေမှုများ ပိုမိုမြင့်မားလာစေကြောင်း AFP သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
မြောက်မြားလှစွာသော CCTV ကင်မရာများမှသည် မျက်နှာမှတ်သားမှု နည်းပညာ တပ်ဆင်ထားသော မီးတိုင်များ စစ်ဆေးစမ်းသပ်ခြင်းတို့အပြင် နိုင်ငံအတွင်း နေထိုင်သူများကို ခြေရာခံသည့် စက်ကိရိယာများကိုပါ စင်္ကာပူတွင် တဟုန်ထိုးတိုးပွား တပ်ဆင်လာသည် ဟု AFP သတင်းတွင် ရေးသားထားသည်။
ပိုမိုသာလွန် ခရီးရောက်သော၊ နည်းပညာလွှမ်းမိုးသော၊ "ခေတ်မီ Smart နိုင်ငံ" ဖြစ်ရေး မျှော်မှန်းချက်ကို အာဏာပိုင်များက အချိန်အတော်ကြာ တွန်းအားပေး ချမှတ်ထားပြီးဖြစ်သည်။
တက်ကြွလှုပ်ရှားသူများကမူ ပြည်သူများမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုများ ဆုံးရှုံးနေပြီး ၎င်းတို့၏ အချက်အလက်များနှင့် ပတ်သက်၍ ထိန်းချုပ်နိုင်မှုနည်းပါးသေးကြောင်း ပြောကြားထားသည်။
နိုင်ငံတွင်းရှိ ပြည်သူပြည်သားများ၏ လွတ်လပ်စွာ ပြောဆိုပြုမူ နေထိုင်ခွင့်များအပေါ် ထိန်းချုပ် ကန့်သတ်ခြင်းအတွက် စင်ကာပူနိုင်ငံမှာ မကြာခဏ ပြောဆိုဝေဖန်ခံနေရပြီး ပြည်သူများမှာ တင်းကျပ်သော ထိန်းချုပ်မှုများနှင့် နေသားတကျရှိနေပြီဖြစ်သည်။ သို့ရာတွင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် နည်းပညာ နှင့်ပတ်သက်ပြီး လူများ၏စိုးရိမ်ပူပန်မှုများ မြင့်မားလျက်ရှိကြောင်း AFP သတင်းတွင်ဖော်ပြပါရှိသည်။
စင်ကာပူအစိုးရ၏ အနီးကပ် စောင့်ကြပ်ခြင်းဆိုင်ရာ နောက်ဆုံးပေါ် ပစ္စည်းများမှာ ကင်မရာ ရ လုံးပါ ဘီးတပ်စက်ရုပ်များဖြစ်ပြီး ၎င်းစက်ရုပ်သည် " မလိုလားအပ်သော လူမှုရေး အပြုအမူ " ကို ရှာဖွေဖော်ထုတ်နိုင်သည်ဟု စင်ကာပူအစိုးရက ပြည်သူများကို သတိပေးချက်များ ထုတ်ပြန်ထားသည်။
ထိုမလိုလားအပ်သော လူမှုရေး အပြုအမူများတွင် တားမြစ်နေရာများတွင် စက်ဘီးများကို ဗရမ်းပတာ ရပ်နားထားခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေးအတွက် ခပ်ခွာခွာ နေထိုင်ရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းတို့ပါ ပါဝင်ကြောင်း AFP သတင်းအရ သိရသည်။