- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
နျူကလီးယားလက်နက် တပ်ဆင်ပစ်ခတ်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် ရုရှားတို့ စမ်းသပ်ပစ်ခတ်
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှားကျူးကျော်စစ် နှစ်လကြာမြင့်လာချိန်၌ အင်အားပြသည့်အနေဖြင့် ရုရှားသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် တိုက်ချင်းပစ်ဒုံးတစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Apr 2022
ဧပြီ ၂၁ ၊DMG
ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှားကျူးကျော်စစ် နှစ်လကြာမြင့်လာချိန်၌ အင်အားပြသည့်အနေဖြင့် ရုရှားသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည့် တိုက်ချင်းပစ်ဒုံးတစ်ခုကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရသည့် ဆာမက် တိုက်ချင်းပစ်ဒုံးကျည်အား ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ဆာမက်ကို ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Arkhangelsk ဒေသတွင် ပစ်လွှတ်စမ်းသပ်ခဲ့ပြီး မိုင်ပေါင်း ၃၇၀၀ ခန့်အကွာအဝေးတွင်ရှိသော ကမ်ချက်ကာကျွန်းဆွယ်မှ ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု စစ်တပ်က သမ္မတပူတင်အား ပြောကြားနေသည်ကို ရုပ်သံတွင် ထုတ်လွှင့်သွားကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
“အသစ်တည်ဆောက်ထားတဲ့အထဲမှာ အဆင့်အမြင့်ဆုံး ဗျူဟာနဲ့ နည်းနာပိုင်းဆိုင်ရာ ထူးခြားချက်တွေ ပါဝင်ပြီး ခေတ်ပေါ် ဒုံးကျည်ကာကွယ်ရေးစနစ်တွေ အားလုံးကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်။ ကမ္ဘာမှာ သူနဲ့ ပုံစံတူတာတွေ မရှိသေးသလို နောင်ကာလ တော်တော်ကြာတဲ့အထိ ရှိဦးမှာမဟုတ်ဘူး” ဟု သမ္မတပူတင်က ပြောကြားသည်။
ဆာမက်ဒုံးကျည် စမ်းသပ်မှုများအား ဆောင်ရွက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် အနောက်နိုင်ငံများအတွက် အံ့သြစရာမဟုတ်ပေ။ သို့သော်လည်း ဤကဲ့သို့ စမ်းသပ်ပစ်ခတ်မှုမှာ ပထဝီနိုင်ငံရေး တင်းမာမှု အထူးမြင့်တက်နေချိန်၌ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရုရှားသည် ကျူးကျော်စစ်စတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ လက်ရှိအထိ ယူကရိန်းတွင် မည်သည့် အထင်ကရမြို့ကြီးများကိုမှ မသိမ်းပိုက်နိုင်သေးပေ။
ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ကြေညာစဉ် ရုရှားသည် ၎င်း၏ နျူကလီးယားတပ်ကိုပါ ထည့်သွင်းပြောကြားခဲ့သလို အနောက်နိုင်ငံများကိုလည်း ၎င်း၏ လမ်းကြောင်းတွင် ဝင်လာရှုပ်ပါက “နိုင်ငံသမိုင်းတွင် မကြုံဖူးသေးသည့် နောက်ဆက်တွဲ ဆိုးကျိုးများဆီ ဦးတည်သွားမည်” ဟု သတိပေးပြောကြားခဲ့သည်။
ထို့နောက် ရက်အနည်းငယ်အကြာ၌ ပူတင်သည် ရုရှားနျူကလီးယားတပ်အား သတိအနေအထားဖြင့် ရှိနေရန် အမိန့်ပေးခဲ့သည်။
“ဒီလို ထူးခြားတဲ့ လက်နက်က ကျွန်တော်တို့တပ်တွေရဲ့ တိုက်ခိုက်ရေးအင်အားကို ပိုအားကောင်းလာစေမှာဖြစ်သလို ရုရှားကို ပြည်ပရန်စွယ်တွေက ကာကွယ်ပေးဖို့ အာမခံပေးနိုင်ပြီး ကျွန်တော်တို့နိုင်ငံကို ခြိမ်းခြောက်ဖို့ ကြိုးစားပြီး သွေးရူးသွေးတန်း ရန်လိုနေတဲ့ လေလုံးထွားသူတွေအတွက်လည်း စဉ်းစားစရာ ရသွားတာပေါ့” ဟုလည်း ပူတင်က ပြောဆိုခဲ့သည်။