- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှား၏ကျူးကျော်မှုကို ရှုတ်ချမည့် အဆိုပြုချက်မူကြမ်းအား လုံခြုံရေးကောင်စီတွင် ရုရှားက ဗီတိုအာဏာဖြင့် ပယ်ချ
ယူကရိန်းနိုင်ငံအပေါ် ရုရှားဘက်က စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် အဆိုပြုချက်မူကြမ်းအား ရုရှားက သောကြာနေ့တွင် ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Feb 2022
ယူကရိန်းနိုင်ငံအပေါ် ရုရှားဘက်က စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုကို ရှုတ်ချရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် အဆိုပြုချက်မူကြမ်းအား ရုရှားက သောကြာနေ့တွင် ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပြုချက်မူကြမ်းအား အမေရိကန်နှင့် အဲလ်ဘေးနီးယားနိုင်ငံတို့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၁ နိုင်ငံက အဆိုပြုချက် မူကြမ်းကို ထောက်ခံမဲပေးခဲ့ကြပြီး တရုတ်၊ အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့က မဲမပေးဘဲ ကြားနေခဲ့ကြကာ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ခြင်း ဖြစ်သည်။
“အဆင်အခြင်မဲ့ပြီး တာဝန်ယူမှုမရှိတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံက သူ့အင်အားကို အလွဲသုံးစားပြုကာ အိမ်နီးချင်းကို တိုက်ခိုက်ပြီးတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာစနစ်ကို နှောင့်ယှက်မှု ရှိခဲ့ပေမယ့် ယူကရိန်းနိုင်ငံနဲ့ သူ့ပြည်သူတွေနောက်မှာ ကျွန်မတို့ စည်းလုံးညီညွတ်စွာ ရှိနေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ၏ အမြဲတမ်းသံတမန် လင်ဒါသောမက်စ်ဂရင်းဖီးက ပြောကြားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ရုရှားတို့သည် အမြဲတမ်းအဖွဲ့ဝင်များဖြစ်ပြီး ဗီတိုအာဏာ သုံးခွင့်ရှိသည်။
ရုရှားနိုင်ငံ၏ ကုလဆိုင်ရာ သံတမန် ဗာဆီလီနီဘန်ဇီယာကမူ အဆိုပြုချက်မူကြမ်းအား ရုရှားဆန့်ကျင်ရေးလုပ်ရပ် အဖြစ် ရည်ညွန်းပြောကြားသလို မဲမပေးဘဲ နေခဲ့ကြသူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။
“ခင်ဗျားတို့ရဲ့ အဆိုပြုချက်မူကြမ်းက ယူကရိန်း စစ်တုရင်ပွဲမှာ ရက်စက်ပြီး လူမဆန်တဲ့ ရွေ့ကွက်တစ်ခုထက် မပိုပါဘူး” ဟုလည်း သူက ပြောသည်။
အဆိုပါမူကြမ်းအား အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ဆက်လက်တင်သွင်းမည်ဟု ယူဆရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။