သြစတြေးလျတွင် အုပ်စုလိုက် သောင်တင်နေသည့် ဝေလငါး ၃၈၀ ထက်မနည်း သေဆုံး

သြစတြေးလျနိုင်ငံတောင်ပိုင်းတွင် အုပ်စုလိုက် လိုက်သောင်တင်နေသော  ဝေလငါးကောင်ရေ ၃၈၀ ထက်မနည်းသည် သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ကယ်ဆယ်ရေးသမားများသည် အသက်ရှင်နေသေးသည့် ဒါဇင်အနည်းငယ်အား ကယ်ဆယ်နိုင်ရေးကြိုးပမ်းခဲ့ကြသည်။

By Foreign Desk 24 Sep 2020

ပုံစာ - ရာပေါင်းများစွာသော ဝေလငါးများ တက်စ်မေးနီးယားတွင် သောင်တင်ခဲ့ခြင်းသည် သမိုင်းတစ်လျှောက် အများဆုံးပမာဏ ဖြစ်သည်။ (ဓာတ်ပုံ - AFP)

သြစတြေးလျနိုင်ငံတောင်ပိုင်းတွင် အုပ်စုလိုက် လိုက်သောင်တင်နေသော  ဝေလငါးကောင်ရေ ၃၈၀ ထက်မနည်းသည် သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ကယ်ဆယ်ရေးသမားများသည် အသက်ရှင်နေသေးသည့် ဒါဇင်အနည်းငယ်အား ကယ်ဆယ်နိုင်ရေးကြိုးပမ်းခဲ့ကြသည်။

စုစုပေါင်း ကောင်ရေ ၄၆၀ ရှိသည့် ဆူးတောင်ရှည် ဝေလငါးအုပ်တစ်ခုလုံးနီးပါးသည် တက်စ်မေးနီးယား အနောက်ဘက် ကမ်းခြေရှိ ကျောက်ဆောင်ထူထပ်ပြီး လူနေကျဲပါးသည့် မက်ကွာရီ ဆိပ်ကမ်းတွင် သောင်တင်နေခဲ့ကြပြီး ဝေလငါးအုပ် သည် ယခုအခါတွင် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ ကောင်ရေ အတိအကျရေပြီးပါပြီ၊ စုစုပေါင်း ဝေလငါး ၃၈၀ သေဆုံးခဲ့ပါတယ်” လို့ တက်စ်မေးနီးယား ပန်းခြံနှင့် တောရိုင်းတိရစ္ဆာန်ရေးရာ မန်နေဂျာ နစ်ဒက်ကာက ပြောကြားခဲ့သည်။

“ကောင်ရေ ၃၀ လောက်ပဲ အသက်ရှင်ကျန်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်တို့ ၅၀ လောက် ကယ်လိုက်နိုင်တယ်” လို့ ကယ်ဆယ်ရေးအဖွဲ့မှ ဝေလငါးတွေ မသေဆုံးစေရေးအတွက် ရုပ်ပိုင်းသာမက စိတ်ပိုင်းအားဖြင့်ပါ ကယ်တင်ခဲ့ရပုံကို ၎င်းက ပြန်ပြောင်းပြောကြားခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ၆၀၊ ကျွမ်းကျင်စေတနာ့ဝန်ထမ်းများနှင့် ဒေသခံငါးမွေးမြူရေးလုပ်ကိုင်သူများ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့သည် ရေပြင်တွင် တစ်ပိုင်းတစ်စပေါ်နေသော ဝေလငါးအုပ်စုကို ကယ်ဆယ်နိုင်ရေး အသည်းအသန် အားစိုက်ထုတ်ခဲ့ကြရသည်။

လှေဖြင့်သွားမှ ရောက်နိုင်မည့် သဲသောင်တွင် တင်နေသည့် အဆိုပါ နို့တိုက်သတ္တဝါများကို တနင်္လာနေ့က စတင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကို လွှတ်ပေးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည်။

သြစတြေးလျကုန်းတွင်း တောင်ပိုင်းကမ်းခြေအလွန် ကျွန်းပြည်နယ်တစ်ခုဖြစ်သည့် တက်စမေးနီးယားတွင် ယခုကဲ့သို့ အစုလိုက်သောင်တင်ခြင်းသည် အကြီးဆုံးပမာဏဖြစ်ပြီး နိုင်ငံသမိုင်းတွင်လည်း အကြီးဆုံးဖြစ်သည်။