- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေး အာရှ၏အခန်းကဏ္ဍ အထူးအရေးပါသည်ဟု ကုလအတွင်းရေးမှူးချုပ် ပြော
မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအဖြေတစ်ရပ် ထွက်လာအောင် အားထုတ်ကူညီကြရန် အာရှခေါင်းဆောင်များအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
22 Apr 2021

DMG ၊ ဧပြီ ၂၂
မြန်မာ့အကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအဖြေတစ်ရပ် ထွက်လာအောင် အားထုတ်ကူညီကြရန် အာရှခေါင်းဆောင်များအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂနှင့် ဒေသတွင်းနှင့် ဒေသခွဲ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေး အတွက် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ရပ် ကျင်းပစဉ် အတွင်းရေးမှူးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒေသအတွင်းမှာ အရေးပေါ် မြန်မာ့အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့အချိန် လက်ရှိမှာ အာဆီယံအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍဟာ ဒေသတွင်းမှာ ခါတိုင်းထက်ကို ပိုမိုအရေးပါနေပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်ရေး အတွက် အပြန်အလှန် ဆက်သွယ်ရေးလမ်းကြောင်း တွေကတစ်ဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဝင်ရောက်ဆောင်ရွက်ပေးဖို့ ကျွန်တော် တောက်လျှောက် တောင်းဆိုနေပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ်က ပြောကြားသည်။
သံတမန်ရေး၊ ပဋိပက္ခကာကွယ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး တို့အတွက် ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများအကြား ဆက်ဆံရေး၏ အရေးပါမှုကိုလည်း အတွင်းရေးမှူးချုပ်က အလေးထား ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂျီနာသည်လည်း လက်ရှိတွင် အာရှဒေသတွင်း ရောက်ရှိနေပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိအောင်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တို့အတွက် တပ်မတော်အပါအဝင် အခြားသက်ဆိုင်သူများနှင့် စကားဝိုင်းဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်းလည်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားသည်။