- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအာဏာပိုင်များကို စင်္ကာပူဝန်ကြီးချုပ် တိုက်တွန်း
မြန်မာအာဏာပိုင်များအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာလ ၂၆ ရက်နေ့တွင် တိုက်တွန်းလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Oct 2021
DMG ၊ အောက်တိုဘာ ၂၈
မြန်မာအာဏာပိုင်များအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အထူးကိုယ်စားလှယ်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာလ ၂၆ ရက်နေ့တွင် တိုက်တွန်းလိုက်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အွန်လိုင်းမှတစ်ဆင့် ကျင်းပသည့် ၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်လီရှန်လွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စင်္ကာပူအနေဖြင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာနေသည့် မြန်မာနိုင်ငံ၏ အနေအထားအတွက် “အသည်းအသည် စိုးရိမ်ပူပန်လျှက်ရှိ” ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
“အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်းအထည်ဖော်ရေးမှာ လက်ဆုပ်လက်ကိုင် ပြစရာ တိုးတက်မှု မရှိတဲ့အပေါ်မှာလည်း ကျွန်တော်တို့ စိတ်ပျက်မိပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားသည်။
အာဆီယံအဖွဲ့ကြီးသည် ဧပြီလအတွင်း ချမှတ်ခဲ့သည့် သဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ရန် ပျက်ကွက်နေသည့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစား နိုင်ငံရေးနှင့် ဆက်နွယ်မှုမရှိသူ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးချမ်းအေးကို အာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်။ မြန်မာအာဏာပိုင်များဘက်ကမူ အာဆီယံ၏ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သည်။
အင်္ဂါနေ့စတင်ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်ခဲ့သည်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတတစ်ဦးက အာဆီယံနှစ်ပတ်လည်း အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
အာဆီယံအစည်းအဝေး မစတင်မီ တစ်ရက်အလို၌ သမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်သည် NUG ယာယီသမ္မတ ဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နှင့် အွန်လိုင်းမှ တစ်ဆင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။