- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာအိမ်အကူအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သော စင်္ကာပူအမျိုးသမီးကို ထောင်ဒဏ်အနှစ် ၃၀ ချမှတ်
မြန်မာအိမ်အကူအား နှိပ်စက်ညှဉ်းပမ်းမှုများ ၁၄ လကြာ ပြုလုပ်ခဲ့သည့် စင်္ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးအား စင်္ကာပူတရားရုံးချုပ်က အင်္ဂါနေ့တွင် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
23 Jun 2021
DMG ၊ ဇွန် ၂၃
မြန်မာအိမ်အကူအား နှိပ်စက်ညှဉ်းပမ်းမှုများ ၁၄ လကြာ ပြုလုပ်ခဲ့သည့် စင်္ကာပူနိုင်ငံသား အမျိုးသမီးတစ်ဦးအား စင်္ကာပူတရားရုံးချုပ်က အင်္ဂါနေ့တွင် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာအိမ်အကူအား နှိပ်စက်မှုဖြင့် အမှုပေါင်း ၂၈ မှု စွဲချက်တင်ထားသော စင်္ကာပူနိုင်ငံသား ဂိုင်ယာသီရိမူရူဂါယန်သည် အဆိုပါပြစ်မှုများအတွက် တာဝန်ရှိကြောင်း တရားရုံးက ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့သည်။
အဆိုပါမြန်မာအိမ်အကူသည် ၂၀၁၅ ခုနှစ်တွင် စင်္ကာပူသို့ ရောက်ရှိခဲ့ပြီး မူရူဂါယန်၏ အိမ်တွင် အိမ်အကူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ အစာငတ်ခံရခြင်း၊ နှိပ်စက်ခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းများကြောင့် ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့သည်။ သေဆုံးချိန်၌ သူမ၏ ကိုယ်အလေးချိန်သည် ၂၄ ကီလိုဂရမ်သာရှိကြောင်း တရားရုံးမှတ်တမ်းများအရ သိရသည်။
အသက် ၄၀ အရွယ် အိမ်ရှင် မူရူဂါယန်သည် စိတ်ကျန်းမာရေး ပြဿနာများ ခံစားနေရသူ ဖြစ်သော်လည်း သူမကျူးလွန်ခဲ့သည့် ပြစ်မှုများသည် စက်ဆုပ်ရွံမုန်းစရာ ဖြစ်ကာ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တရားသူကြီး စီးကီးအုန်းက ပြောသည်။
“သူမ၏ လုပ်ရပ်များကို သိသိနှင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ခြင်း ဖြစ်ကာ ကိုယ့်လုပ်ရပ်ကိုကိုယ် မထိန်းချုပ်နိုင်လောက်သည်အထိ အသိညာဉ်ချို့တဲ့မှု မရှိ” ကြောင်း တရားသူကြီး၏ မှတ်ချက်တွင် ဖော်ပြထားသည်။
စင်္ကာပူနိုင်ငံတွင် ပြည်မမှ လာရောက်လုပ်ကိုင်နေသူ အိမ်အကူ ၂ သိန်းခွဲခန့်ရှိပြီး အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ ဖြစ်ကြသည်။