- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အလုပ်သမား အပေါ့စွန့်သည့် ဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး တရုတ်ထိပ်တန်းဘီယာကုမ္ပဏီ စုံစမ်းစစ်ဆေးနေ
တရုတ်ပြည်တွင် အကြီးဆုံး ဘီယာကုမ္ပဏီ စက်ရုံတစ်ခု၌ အလုပ်သမားတစ်ဦးက ကုန်ကြမ်းပစ္စည်းကန်ထဲသို့ အပေါ့စွန့်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီနောက် အဆိုပါဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်လိုက်သည်။
21 Oct 2023

DMG ၊ အောက်တိုဘာ ၂၁
တရုတ်ပြည်တွင် အကြီးဆုံး ဘီယာကုမ္ပဏီ စက်ရုံတစ်ခု၌ အလုပ်သမားတစ်ဦးက ကုန်ကြမ်းပစ္စည်းကန်ထဲသို့ အပေါ့စွန့်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီနောက် အဆိုပါဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကုမ္ပဏီဘက်က ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ ၁၉ ရက်နေ့က ထွက်ပေါ်လာသည့် အဆိုပါဗီဒီယိုဖိုင်တွင် ရှင်းတောက် (Tsingtao) ဘီယာစက်ရုံ အမှတ် (၃) ၌ အလုပ်သမားတစ်ဦးသည် မြင့်မားသည့် ကုန်ကြမ်းပစ္စည်း ကန်နံရံပေါ်သို့ တက်လာပြီးနောက် ကန်ထဲသို့ အပေါ့စွန့်လိုက်သည်ကို တွေ့ရသည်။
တရုတ်ဆိုရှယ်မီဒီယာ ဝီဘို၌ အဆိုပါဗီဒီယိုဖိုင်ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုများ ရှိခဲ့ပြီး ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိခဲ့သည်။
“မိမိတို့အနေဖြင့် ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့သို့ စောစီးစွာ အကြောင်းကြားရန် အခွင့်အရေး ရရှိခဲ့ပါသည်။ ယခုစံစမ်းစစ်ဆေးမှု၌ အရပ်ဘက်လုံခြုံရေး အဖွဲ့အစည်းများလည်း ပါဝင်မည်ဖြစ်ပါသည်” ဟု ရှင်းတောက်ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့သည်။
လတ်တလောတွင်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည့် အဆိုပါအသုတ်မှ ထုတ်ကုန်များအားလုံးကို ပိတ်သိမ်းထားလိုက်ပြီဖြစ်ကာ ကုမ္ပဏီအနေဖြင့်လည်း စီမံခန့်ခွဲရေးလုပ်ငန်းစဉ်များကို တင်းကြပ်စွာ ကိုင်တွယ်ရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှင်းတောက်ဘီယာသည် တရုတ်ပြည်တွင် ဒုတိယအကြီးဆုံး အဖျော်ယမကာ ကုမ္ပဏီကြီးဖြစ်ကာ အရှေ့အာရှ ဒေသရှိ စားသောက်ဆိုင်များနှင့် ဘားများတွင် လူကြိုက်များသည့် ဘီယာဖြစ်သည်။
ယခုဖိုင်သည် ပြိုင်ဘက်ဘီယာကုမ္ပဏီက တစ်ဦးက အပေါ့စွန့်၊ နောက်တစ်ဦးက ဗီဒီယိုရိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးဖြန့်ချိခဲ့ခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း အများအပြား ထွက်ပေါ်လျက်ရှိသည်။