- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ဆီးရီးယားပြည်တွင်းစစ် ဆယ်နှစ်အတွင်း သေဆုံးသူ ငါးသိန်းနီးပါးရှိ
ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း သေဆုံးခဲ့ရသူစုစုပေါင်း ငါးသိန်းနီးပါးရှိကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
02 Jun 2021
DMG ၊ ဇွန် ၂
ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်အတွင်း သေဆုံးခဲ့ရသူစုစုပေါင်း ငါးသိန်းနီးပါးရှိကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ဆီးရီးယားတွင် ၂၀၁၁ ခုနှစ်က အစိုးရဆန့်ကျင်သူများ ရက်စက်ကြမ်းကြုတ်စွာ နှိပ်ကွပ်ခံရပြီးနောက်ပိုင်းတွင် သေဆုံးသူ ၄၉၄၄၃၈ ဦးရှိကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Syrian Observatory for Human Rights အဖွဲ့က ဆိုသည်။
ယခုနှစ် မတ်လတွင် အဖွဲ့က စစ်တမ်းပြုလုပ်ခဲ့ရာ သေဆုံးသူ ၃၈၈၀၀၀ ဦးရှိကြောင်း မှတ်တမ်းတင်ထားသည်။ နောက်ပိုင်းလများတွင် ထပ်မံစိစစ်မှုများအရ ၁၀၅၀၁၅ ဦးကို ထပ်တိုးအတည်ပြုနိုင်ခဲ့သဖြင့် သေဆုံးသူ ၅ သိန်းနီးပါး ဖြစ်သွားသည်။
မကြာသေးမီက အတည်ပြုထားသော စာရင်းအနက် ၄၂၀၀၀ ခန့်မှာ အရပ်သားများဖြစ်ပြီး ဆီးရီးယား စစ်အစိုးရ၏ အကျဉ်းထောင်များတွင် နှိပ်စက်ညှဉ်းပမ်းခံရပြီး သေဆုံးသူများ ဖြစ်ကြောင်း စောင့်ကြည့်အဖွဲ့က ဆိုသည်။
ဆီးရီးယားတွင် ၂၀၂၀ မတ်လ၌ တူရကီနှင့် ရုရှားတို့ ဝင်ရောက်စေ့စပ်မှုကြောင့် တိုက်ပွဲများ အရှိလျော့ကျခဲ့ပြီး နှစ်ဘက်လုံးသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို အာရုံစိုက် ဆောင်ရွက်လျက်ရှိသည်။
ဆယ်စုနှစ်တစ်ခုစာ ရှိနေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူစုစုပေါင်းသည် နိုင်ငံလူဦးရေ ထက်ဝက်နီးပါးရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။