- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ပလပ်စတစ်ပိုက်များ ပြန်သုံးရန် အမိန့်ညွှန်ကြားစာ ထရမ့် လက်မှတ်ရေးထိုး
သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးလိုက်သော ယခုအမှုဆောင်အမိန့်သည် ၎င်းမတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဂျိုးဘိုင်ဒင်၏ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်မှုကို နောက်ပြန်လှန်လိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။
12 Feb 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်အစိုးရနှင့် စားသုံးသူများကို အဖျော်ယမကာ သောက်သုံးရာတွင် ပလပ်စတစ်ပိုက်များကို ဝယ်ယူအားပေးရန် ရည်ရွယ်ချက်ထားရှိသည့် အမိန့်ညွှန်ကြားစာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးလိုက်သော ယခုအမှုဆောင်အမိန့်သည် ၎င်းမတိုင်မီ တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဂျိုးဘိုင်ဒင်၏ တစ်ခါသုံး ပလတ်စတစ်များကို ဖယ်ရှားရန်နှင့် စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားအားထုတ်မှုကို နောက်ပြန်လှန်လိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။
"ကျွန်တော်တို့ ပလပ်စတစ်ပိုက်တွေဆီ ပြန်သွားကြမယ်ဗျာ။ ပလတ်စတစ်က သမုဒ္ဒရာ လမ်းကြောင်းတလျှောက် မြုံ့သွားတဲ့ ငါးမန်းတစ်ကောင်ကို အရမ်းထိခိုက်စေမယ်လို့ မထင်မိပါဘူး" ဟု အမိန့်ကို လက်မှတ်ရေးထိုးစဉ်၌ အိမ်ဖြူတော်တွင် ဒေါ်နယ်ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့ပြီး စက္ကူပိုက်များသည် အလုပ်မဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ထရမ့် မတိုင်မီ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂျိုးဘိုင်ဒင်သည် ဂေဟစနစ်ကို ပျက်စီးစေပြီး အစားအသောက်ထုတ်ကုန်များကို ညစ်ညမ်းစေသော ဇီဝရုပ်ကြွင်းပျက်စီးမှု မဖြစ်နိုင်သည့် တစ်ခါသုံး ပလတ်စတစ်များ အသုံးပြုမှုကို လျှော့ချရန် အစီအမံများကို အဆိုပြုခဲ့သည်။
ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်ထိန်းချုပ်ရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကိုလည်း ၎င်း၏အစိုးရအဖွဲ့က ထောက်ခံခဲ့သည်။
တနင်္လာနေ့က ထုတ်ပြန်သည့် ညွှန်ကြားစာသည် ထရမ့်၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကတိကဝတ်များကို ပိုမိုကျယ်ပြန့်စွာ အားနည်းသွားစေခြင်း၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သွားခဲ့ပြီး သမ္မတဒုတိယသက်တမ်း၏ ပထမဆုံး လုပ်ဆောင်ချက်တစ်ခုတွင်လည်း အမေရိကန်ပြည်ထောင်စုကို ပါရီဥတုရာသီ သဘောတူညီချက်မှနေ၍ ဒုတိယအကြိမ် ဖယ်ထုတ်ခဲ့ပြီးဖြစ်သည်။
၂၀၃၂ ခုနှစ်တွင် ဖက်ဒရယ်ပြည်နယ်များ အားလုံး၌ တစ်ခါသုံး ပလတ်စတစ် ထုတ်ကုန်အားလုံးကို အသုံးပြုမှု အဆုံးသတ်ရန် ဘိုင်ဒင်အုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒကိုလည်း ထရမ့်က ပယ်ဖျက်ခဲ့သည်။