- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သီရိလင်္ကာ ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ စစ်ခေါင်းဆောင်ဟောင်း အနိုင်ရ
တမီကျားသူပုန်များကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ပြည်တွင်းစစ်အတွင်းချေမှုန်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယာရာဂျာပတ်ဆာသည် သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားကြောင်း CNA သတင်းတစ်ရပ်ဖော်ပြထားသည်။
18 Nov 2019

တမီကျားသူပုန်များကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ပြည်တွင်းစစ်အတွင်းချေမှုန်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် စစ်ခေါင်းဆောင်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယာရာဂျာပတ်ဆာသည် သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားကြောင်း CNA သတင်းတစ်ရပ်ဖော်ပြထားသည်။
ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အမျိုးသားရေးဝါဒဖြင့် မဲဆွယ်စည်းရုံးခဲ့သော ဂိုတာဘာယာရာဂျာပက်ဆာသည် မဲရေတွက်မှုမပြီးစီးမီ နိုဝင်ဘာလ၊ ၁၇ ရက်နေ့မှာပင် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဆန်ဂျစ်ပရီမာဒါဆာသည် လက်ရှိအာဏာရပါတီမှဖြစ်ပြီး ရွေးကောက်ပွဲတွင် ဂိုတာဘာယာ အနိုင်ရသွားကြောင်း အတည်ပြုပေးခဲ့သည်။
“ရှင်းလင်းတဲ့ အောင်ပွဲဖြစ်ပါတယ်။ ဒါကို မျှော်လင့်ထားပြီးသားပါ။ ဂိုတာ အနေနဲ့တိုင်းပြည်ရဲ့ လာမယ့် သမ္မတကြီး ဖြစ်လာမှာကို ကျွန်တော်တို့ပျော်ရွှင်မိပါတယ်။ သူဟာ မနက်ဖြန် ဒါမှမဟုတ် သန်ဘက်ခါမှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရအရာရှိ ခီဟီလီယာ ရမ်ဘူကွယ်လာ က ပြောကြားခဲ့သည်။
အသက် ၇၀ အရွယ် ရာဂျာပက်ဆာသည် မဲအရေအတွက် ၆ သန်း ရေတွက်ပြီးချိန်တွင် အနိုင်ရလဒ် သေချာသွားခဲ့ခြင်းဖြစ်သည်။
ဂိုတာဘယရာဂျာပက်ဆာသည် သီရိလင်္ကာတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့ပြီး လူထုထောက်ခံမှုမရရှိခဲ့သလို၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေပြင်ပသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟုလည်း စွပ်စွဲခံခဲ့ရသော သမ္မတဟောင်း မာဟင်ဒါရာဂျာပက်ဆာ၏ ညီ ဖြစ်သည်။
“ပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ်ဂုဏ်ပြုပါတယ်။ သီရိလင်္ကာရဲ့ သတ္တမမြောက် သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ မစ္စတာဂိုတာဘာယာအတွက်လည်း ဂုဏ်ယူပါတယ် ” ဟု ပြိုင်ဘက်ဖြစ်သူ ပရီမာဒါဆာ က ပြောကြားခဲ့သည်။
ရာဂျာပက်ဆာသည် ဗုဒ္ဓဘာသာ ဆင်းဟားလိစ်လူမျိုးစုရှိရာ တောင်ပိုင်းတွင် အပြတ်အသတ်အနိုင်ရခဲ့ကာ၊ ၎င်း၏ပြိုင်ဘက် ပရီမာဒါဆာကမူ တမီလ်များရှိရာ မြောက်ပိုင်းတွင် မဲအသာရခဲ့သည်။
ပြီးခဲ့သည့် ဧပြီလက ISIS နှင့်ချိတ်ဆက်မှုရှိသော အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က သီရိလင်္ကာရှိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိုတယ်များကို တိုက်ခိုက်ခဲ့ရာမှ သီရိလင်္ကာတွင် အမျိုးသားရေးဝါဒနှင့် မျိုးချစ်စိတ်များ ခေါင်းထောင်လာခဲ့သည်။
သီရိလင်္ကာပြည်သူများအနေဖြင့် ညီညွတ်မှုကိုပြရမည့် အချိန်ဖြစ်ကြောင်း သမ္မတအဖြစ်ရွေးကောက် တင်မြှောက်ခံရသူ မစ္စတာရာဂျာပက်ဆာက မဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။