- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
သီရိလင်္ကာရွေးကောက်ပွဲမှာ မာ့စ်ဝါဒီ သမ္မတလောင်း အနိုင်ရ
အသက် ၅၅ နှစ်အရွယ် သမ္မတလောင်းသည် အမျိုးသားပြည်သူ့အင်အား ပါတီကို ကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး စနေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ထောက်ခံမဲ ၄၂.၃၁ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်။
23 Sep 2024
သီရိလင်္ကာနိုင်ငံတွင် ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ မာ့စ်ဝါဒီ နိုင်ငံရေးသမား အာနုရ ကုမာရ ဒစ္စနယာက အနိုင်ရရှိသွားကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၂ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်လိုက်သည်။
အသက် ၅၅ နှစ်အရွယ် သမ္မတလောင်းသည် အမျိုးသားပြည်သူ့အင်အား ပါတီကို ကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး စနေနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ထောက်ခံမဲ ၄၂.၃၁ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်။
ရာထူးသက်တမ်း ကုန်ဆုံးတော့မည့် လက်ရှိသမ္မတက မဲအရေအတွက် ၁၇.၂၇ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာ ရှိခဲ့သည်။ အတိုက်အခံပါတီ ခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ၃၂.၇၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိခဲ့သည်။
“သီရိလင်္ကာပြည်သူတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြသလိုက်ကြပါပြီ။ အာနုရ ကုမာရ ဒစ္စနယာကကို ရွေးချယ်မှုအပေါ် ကျွန်တော် အပြည့်အဝ လေးစားလိုက်နာပါတယ်” ဟု သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး အာလီဆာဘရီက ဆိုရှယ်မီဒီယာပေါ်၌ ရေးသားထားသည်။
သီတင်းရှစ်ပတ် ကြာမြင့်ခဲ့သည့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း သီရိလင်္ကာ၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များက အဓိက လွှမ်းမိုးခဲ့သည်။ နိုင်ငံသည် စီးပွားရေး ကျဆုံးမှုဒဏ်ကို လွန်ခဲ့သော ၂ နှစ်ခန့်က အမြင့်ဆုံး ခံစားခဲ့ရပြီး ပြည်သူလူထု အကြားတွင်လည်း စီးပွားရေး ကျပ်တည်းမှုများကြောင့် အမျက်ဒေါသများ ထွက်ပေါ်လျက်ရှိသည်။
ဒစ္စနယာက၏ မာ့စ်ဝါဒီပါတီဖြစ်သော ပြည်သူ့အင်အား ပါတီသည် ၁၉၇၀ ကျော်နှင့် ၁၉၈၀ ကျော်ကာလများတွင် လူထုအုံကြွမှုများကို ဦးဆောင်ခဲ့သည်။ အဆိုပါအုံကြွမှုများအတွင်း လူပေါင်း ၈၀၀၀၀ ကျော် သေဆုံးခဲ့သည်။ နိုင်ငံတွင်း လွှတ်တော်ရွေးကောက်ပွဲ နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် သီရိလင်္ကာ၌ ဤပါတီသည် ၄ ရာခိုင်နှုန်းအောက်သာ အနိုင်ရခဲ့သည်။
သို့သော်လည်း နိုင်ငံ၏ ပျက်စီးယိုယွင်းနေသည့် နိုင်ငံရေးယဉ်ကျေးမှုကို ပြောင်းလဲပစ်မည်ဟု ကတိကဝတ်ပြုထားသည့် ဒစ္စနယာကသည် ပြီးခဲ့သည့်နှစ်များအတွင်း နိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြီးများ၌ လူထုထောက်ခံမှု ရရှိလာခဲ့ပြီး ယခုကဲ့သို့ သမ္မတရာထူးကို အနိုင်ရသည်အထိ ရောက်ရှိလာခြင်း ဖြစ်သည်။