- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
စင်္ကာပူသို့ ရောက်ရှိနေသည့် သီရိလင်္ကာသမ္မတ ရာထူးမှနုတ်ထွက်စာပေးပို့
နိုင်ငံမှ ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပါဆာသည် ဇူလိုင်လ ၁၄ ရက်နေ့က စင်္ကာပူမှနေ၍ ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Jul 2022

DMG ၊ ဇူလိုင် ၁၆
နိုင်ငံမှ ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပါဆာသည် ဇူလိုင်လ ၁၄ ရက်နေ့က စင်္ကာပူမှနေ၍ ရာထူးမှနုတ်ထွက်စာ တင်သွင်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတရာဂျာပါဆာသည် မိသားစုဝင်များကိုပါ ခေါ်ဆောင်ကာ စစ်လေယာဉ်တစ်စီးဖြင့် မော်လဒိုက်သို့ ထွက်ပြေးသွားပြီးနောက် ထိုမှတစ်ဆင့် စင်္ကာပူသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အီးမေးဖြင့်ပေးပို့သည့် သမ္မတ၏ ရာထူးမှနုတ်ထွက်စာကို လက်ခံရရှိကြောင်း သီရီလင်္ကာ လွှတ်တော်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဇူလိုင် ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။
“ဂိုတာဘာယာဟာ ရာထူးက တရားဝင်နုတ်ထွက်သွားပါပြီ” ဟု လွှတ်တော်ပြောခွင့်ရ မဟိန္ဒာယာပါအာဘေဝါဒါနာက သတင်းထောက်များကို ပြောကြားသည်။
“နုတ်ထွက်စာကို ကျွန်တော် လက်ခံရရှိထားပါပြီ” ဟု သူကပြောသည်။
ရာဂျာပါဆာကို စင်္ကာပူသို့ ပြည်ဝင်ခွင့် လက်ခံထားကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
ရာဂျာပါဆာသည် ခိုလှုံခွင့်တောင်းခံထားခြင်း မရှိသလို သူ့ကိုလည်း မည်သည့်ခိုလှုံခွင့်မျိုးမျှ မပေးထားဘဲ တစ်ကိုယ်ရေအလည်အပတ် အဖြစ်သာ ခွင့်ပြုထားခြင်းဟုလည်း ဌာနက ပြောသည်။
ရာဂျာပါဆာသည် စင်္ကာပူတွင် အချိန်တစ်ခုအထိ ရှိနေဦးမည်ဖြစ်ကာ ထိုမှတစ်ဆင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) သို့ ပြောင်းရွှေ့မည်ဟု ခန့်မှန်းရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။