- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
နိုင်ငံမှထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတဟောင်း ထိုင်းတွင် ယာယီနေထိုင်ရန် ရောက်ရှိ
သီရိလင်္ကာသမ္မတဟောင်း ဂေါတဘာယာ ရာဂျာပါဆာသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Aug 2022

DMG ၊ ဩဂုတ် ၁၃
သီရိလင်္ကာသမ္မတဟောင်း ဂေါတဘာယာ ရာဂျာပါဆာသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံမှထွက်ပြေးသွားသည့် ရာဂျာပါဆာသည် စင်္ကာပူနိုင်ငံတွင် ယာယီနေထိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
စင်းလုံးငှားလေယာဉ်ဖြင့် ဒုံမောင်းလေဆိပ်သို့ ရောက်ရှိလာသည့် ရာဂျာပါဆာသည် ထိုင်းနိုင်ငံအတွင်း၌ ယာယီနေထိုင်မည်ဟု ခန့်မှန်းရသည်။
ထိုင်းအာဏာပိုင်များကလည်း ရာဂျာပါဆာသည် ထိုင်းတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် ရည်ရွယ်ချက်မရှိဘဲ ယာယီသာနေထိုင်မည်ဟု ပြောကြားသည်။
“ဒါက လူသားချင်း စာနာထောက်ထားရမယ့် အရေးကိစ္စဖြစ်ပါတယ်။ ယာယီပဲနေထိုင်မယ်လို့ သဘောတူညီချက် ရှိထားပါတယ်” ဟု ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက သတင်းထောက်များအား ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ ရာဂျာပါဆာသည် ထိုင်းတွင် ရောက်ရှိနေစဉ် မည်သည့် နိုင်ငံရေးလှုပ်ရှားမှုမျိုးတွင်မှ ပါဝင်ပတ်သက်နိုင်မည် မဟုတ်ကြောင်းလည်း သူကပြောသည်။
သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်း ရ၀ အတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ခဲ့ရပြီး ဆန္ဒပြသူ ထောင်ပေါင်းများစွာက သမ္မတအိမ်ရာကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် သမ္မတရာဂျာပါဆာသည် ရာထူးမှုနုတ်ထွက်ခဲ့သည်။