- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာဘက်မှ ထွက်ပြေးလာမည့်သူများအား လက်ခံရန် ထိုင်းနိုင်ငံပြင်ဆင်
မြန်မာနိုင်ငံတွင်း ဆန္ဒဖော်ထုတ်မှုများအား အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် ထိုင်း-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ရာနယ်မြေများသို့ ထွက်ပြေးလာသူဦးရေ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံဘက်ကလည်း ဒုက္ခသည်များအရေး ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Mar 2021
DMG ၊ မတ် ၂၀

မြန်မာဘက်မှ ဒုက္ခသည် ၄၃၀၀၀ နီးပါး လက်ခံထားနိုင်မည့် နေရာတစ်ခုကို မဲဆောက်ခရိုင်အတွင်း ထိုင်းအာဏာပိုင်များ ပြင်ဆင်ထားသည့် အစီအစဉ်များ မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ကေအန်ယူထိန်းချုပ်နယ်မြေတွင်လည်း လက်ရှိ၌ ရောက်ရှိနေသူ စုစုပေါင်း တစ်ထောင်နီးပါးရှိကြောင်း ကေအန်ယူအရာရှိတစ်ဦးက ပြောကြားသည်။
“ထွက်ပြေးလာသူတွေ ထဲမှာ ဆန္ဒပြခေါင်းဆောင်တွေ၊ CDM မှာပါသူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ရဲနဲ့ စစ်သားတွေ၊ လွှတ်တော်အမတ် တစ်ချို့လည်းပါတယ်” ဟု ကေအန်ယူ၏ ပြည်ပဆက်ဆံရေး အကြီးအကဲ ဖဒိုစောထော်နီးက အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသတစ်လျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ ထက်မနည်း ရှိနေပြီး ကေအန်ယူသည် အင်အားကြီး လက်နက်ကိုင် တစ်ဖွဲ့ဖြစ်သည်။
ထိုင်းစစ်တပ်သည် နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးများလည်း တိုးမြှင့်ချထားသည်။
“ကျွန်တော်တို့ အတွေ့အကြုံနဲ့ ယှဉ်ပြောရမယ်ဆိုရင်တော့ သူတို့နေအိမ်နဲ့ မိသားစုက မြန်မာဘက်မှာ ရှိနေတာဆိုတော့ အများစုက ဒီဘက်ကို ထွက်ပြေးလာကြပြီး တည်ငြိမ်တဲ့ အချိန်တစ်ခုကို ရောက်ရင် မြန်မာဘက် ပြန်ဝင်သွားကြတယ်။” ဟု ထိုင်းစစ်တပ် အကြီးအကဲ တစ်ဦးက ရိုက်တာသို့ ဖြေကြားသည်။