- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တာလီဘန်နှင့် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တို့အား ကုလတွင် လတ်တလော လက်ခံဖွယ်မရှိ
အာဖဂန်နစ္စတန်မှ တာလီဘန်ကိုယ်စားလှယ်နှင့် မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရ ကိုယ်စားလှယ်တို့အား နိုင်ငံကိုယ်စားပြုသူများအဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့ကျင်းပသည့် ကုလသမဂ္ဂကော်မီတီအစည်းအဝေးက လက်ခံနိုင်ခြေ မရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Dec 2021

DMG ၊ ဒီဇင်ဘာ ၂
အာဖဂန်နစ္စတန်မှ တာလီဘန်ကိုယ်စားလှယ်နှင့် မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် အိမ်စောင့်အစိုးရ ကိုယ်စားလှယ်တို့အား နိုင်ငံကိုယ်စားပြုသူများအဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့ကျင်းပသည့် ကုလသမဂ္ဂကော်မီတီအစည်းအဝေးက လက်ခံနိုင်ခြေ မရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဖဂန်နှင့် မြန်မာနှစ်နိုင်ငံလုံးသည် ၎င်းတို့ဖြုတ်ချလိုက်သည့် အစိုးရများက ခန့်အပ်ခဲ့သည့် နိုင်ငံကိုယ်စားလှယ်များ နေရာတွင် ကိုယ်စားလှယ်အသစ်များ ခန့်အပ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုလျက်ရှိသည်။ အဆိုပါ ကိုယ်စားလှယ်သစ်များအား ကုလသမဂ္ဂက လက်ခံလိုက်မည်ဆိုပါက တာလီဘန်နှင့် မြန်မာစစ်အုပ်စုအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေးတွင် ခြေတစ်လှမ်း အသာရသွားမည် ဖြစ်သည်။
အဖွဲ့ဝင်ကိုးနိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ အသိအမှတ်ပြုရေး ကော်မတီ (Credentials Committee) သည် ကုလရုံးချုပ်တွင် တွေ့ဆုံပြီး လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံမှ ကိုယ်စားလှယ်များအား လက်ခံရေး ဆုံးဖြတ်ရန် ရှိနေသည်။
ကော်မတီအနေဖြင့် အာဖဂန်နစ္စတန်နှင့် မြန်မာတို့ဘက်က တင်ပြထားသည့် ကိုယ်စားလှယ်အသစ်များကို လက်မခံဘဲ လက်ရှိ ကိုယ်စားလှယ်များကိုသာ အတည်ပြုထားမည့်သဘော ရှိနေကြောင်း အမည်မဖော်လိုသည့် သံတမန်လေးဦးထံမှ သိရသည့် အချက်အလက်များကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ပုံမှန်အားဖြင့် ကော်မတီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ နှစ်ခုလုံးသည် ကိုယ်စားလှယ်အသိအမှတ်ပြုပေးရေး ကိစ္စတွင် အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်ကြောင်း သံတမန်များထံမှ သိရကြောင်း ရိုက်တာက ဖော်ပြသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အာဏာရလာသည့် တာလီဘန်တို့သည် ဒိုဟာအခြေစိုက် တာလီဘန်ပြောခွင့်ရ ဆူဟေးဆာဟီးန်ကို ကုလသမဂ္ဂဆိုင်ရာ အာဖဂန်နစ္စတန်၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပေးရန် တောင်းဆိုထားသည်။ ဖြုတ်ချခံအစိုးရက ခန့်အပ်ထားခဲ့သော လက်ရှိအာဖဂန်ကိုယ်စားလှယ် ဂူလမ်အိုင်ဆက်ဇိုင်ကလည်း လက်ရှိနေရာအတိုင်း ဆက်လက်ခန့်ထားပေးရန် ကုလသမဂ္ဂကို တောင်းဆိုထားသည်။
မြန်မာအာဏာပိုင်များကလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်ရာထူးအတွက် ဒေါ်အောင်ဆန်စုကြည်အစိုးရက ခန့်အပ်ခဲ့သည့် ဦးကျော်မိုးထွန်းနေရာတွင် ၎င်းတို့အသစ် ခန့်အပ်လိုသည့် ဦးအောင်သူရိန်ဖြင့် အစားထိုးပေးရန် ကုလအား တောင်းဆိုထားသည်။