- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
ယူကရိန်းအတွက် သြစတြေးလျက ဒရုန်းများပို့မည်
ရုရှားတို့၏ ကျူးကျော်စစ် တစ်နှစ်ကြာမြင့်လာချိန်၌ ယူကရိန်းအတွက် ဒရုန်းများ ထပ်မံပေးပို့မည်ဟု သြစတြေးလျအစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။
24 Feb 2023
ရုရှားတို့၏ ကျူးကျော်စစ် တစ်နှစ်ကြာမြင့်လာချိန်၌ ယူကရိန်းအတွက် ဒရုန်းများ ထပ်မံပေးပို့မည်ဟု သြစတြေးလျအစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။
“(ဒရုန်းများသည်) ယူကရိန်းတပ်ဖွဲ့များအတွက် စစ်မြေပြင်ထောက်လှမ်းရေး၊ စောင့်ကြည့်ခြင်းနှင့် ကင်းလှည့်ခြင်းတို့ ဆောင်ရွက်ပေးမည်” ဟု အစိုးရ၏ ထုတ်ပြန်ချက်၌ ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘန်နစ်က ပြောကြားသည်။
ပေးပို့မည့် ဒရုန်းအရေအတွက်၊ အမျိုးအစား၊ ဒရုန်းများတွင် လက်နက်တပ်ဆင်မှု ရှိမရှိကိုမူ ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခြင်း မရှိပေ။
ထို့ပြင် ရုရှားကို အသစ်ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၌ တသီးပုဂ္ဂလ လူပုဂ္ဂိုလ် ၉၀ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်း ၄၀ ပါဝင်ကြောင်းလည်း သြစတြေးလျက ပြောကြားသည်။
ယခုနောက်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုများ၌ ရုရှား စွမ်းအင်၊ သယံဇာတနှင့် စက်မှုကဏ္ဍများရှိ ဝန်ကြီးများ၊ လက်နက်ကုမ္ပဏီကြီးများ၏ အဓိကကျသည့် လူပုဂ္ဂိုလ်များ၊ လေကြောင်းနှင့် ရေငုပ်သင်္ဘောဆိုင်ရာ ကုမ္ပဏီကြီးများ ပါဝင်သည်။
သြစတြေးလျသည် နေတိုးအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများအနက် ယူကရိန်းကို စစ်ရေးအကူအညီ အများဆုံး ထောက်ပံ့ပေးနေသည့် နိုင်ငံကြီးဖြစ်သည်။ ရုရှားကိုလည်း အလူမီနီယံ သတ္တုရိုင်းများ တင်သွင်းခွင့် ပိတ်ပင်ထားသည်။