- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ယူကရိန်းတွင် လူထူထပ်သည့် မီးရထားဘူတာ၌ ဒုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၅၂ ဦး သေဆုံး
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လူထူထပ်သည့် မီးရထားဘူတာတစ်ခုတွင် သောကြာနေ့က ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Apr 2022
DMG ၊ ဧပြီ ၁၁
ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ လူထူထပ်သည့် မီးရထားဘူတာတစ်ခုတွင် သောကြာနေ့က ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲမှုကြောင့် လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိသွားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘူတာတွင် ရောက်ရှိနေသူ အများစုသည် အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး ရုရှားထိုးစစ်ကြောင့် တိမ်းရှောင်ရန်ရောက်ရှိနေကြသူများဖြစ်ကြောင်း ယူကရိန်း အာဏာပိုင်များက ပြောကြားသည်။
ကီယက်အနီး ဘူချာမြို့တွင် ရုရှားစစ်တပ်များ ရုတ်သိမ်းသွားပြီးနောက် မြေမြှုပ်ခံထားရသည့် အလောင်းအများအပြားကို ယူကရိန်းအလုပ်သမားများ တူးဖော်နေချိန်တွင် ယခုကဲ့သို့ အရပ်သားသေကြေမှု ထပ်မံဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ ၅၂ ဦးအနက် ကလေးငယ်ငါးဦးလည်းပါဝင်ကြောင်း ဒွန်းညက်စ်အုပ်ချုပ်ရေးမှူး ပါဗလိုကီရီလန်ကိုက ပြောကြားသည်။
“ခြေတွေလက်တွေ မပါတော့ဘဲ အရေးပေါ်အခြေအေနနဲ့ ကုသမှုခံနေရသူတွေလည်း အများကြီးရှိနေပါတယ်” ဟု ကရာမာတော့စ်မြို့တော်ဝန် အိုလက်ဆန်ဒါဂွန်ချာရန်ကိုက ပြောကြားသည်။
ယူကရိန်းအာဏာပိုင်များနှင့် အနောက်နိုင်ငံခေါင်းဆောင်များသည် ရုရှားတပ်များအား ယူကရိန်းကျူးကျော်စစ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲပြောကြားလျက်ရှိသည်။ လက်ရှိနိုင် ယူကရိန်းမှ ထွက်ပြေးသွားသူ စုစုပေါင်း ၄ သန်းကျော်ရှိပြီး နောက်ထပ်သန်းပေါင်းများစွာ မှာလည်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။
ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ရထားဘူတာ တိုက်ခိုက်ခံရမှုနှင့် ကျူးလွန်သူ၊ အမိန့်ပေးသူ၊ ဒုံးကျည်ပစ်ခတ်လိုက်သည့်နေရာ၊ ဒုံးကျည်သယ်ဆောင်လာသူ၊ ညွှန်ကြားသူနှင့် တိုက်ခိုက်ရန် မည်ကဲ့သို့ သဘောတူခဲ့ကြသည်များကို အချိန်ပြည့် စုံစမ်းစစ်ဆေးသွားမည်ဟု သောကြာနေ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် ပြောကြားထားသည်။
ရုရှားကမူ ဘူတာတွင် ကျရောက်ပေါက်ကွဲခဲ့သည့် အဆိုပါဒုံးကျည်အမျိုးအစားအား မိမိတို့ အသုံးမပြုကြောင်း ငြင်းဆိုထားသလို ယူကရိန်းအပေါ် ပြန်လည် အပြစ်တင်ထားသည်။