- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှားက ဆိုင်ဘာတိုက်ခိုက်မှု ပြုလုပ်လာနိုင်သဖြင့် ဘဏ်များ အသင့်ပြင်ဆင်ထားရန် ဥရောပနှင့် အမေရိကန်အာဏာပိုင်များ ညွှန်ကြား
ယူကရိန်းအရေးတွင် တင်းမာမှုများ ရှိသည့်အတွက် ရုရှားက ထောက်ပံ့ပေးထားသည့် ဆိုင်ဘာတိုက်ခိုက်မှုများ ရှိလာနိုင်သဖြင့် ဘဏ်များကို အသင့်အနေအထား ရှိနေစေရန် ဥရောပဗဟိုဘဏ်က ပြင်ဆင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၃
ယူကရိန်းအရေးတွင် တင်းမာမှုများ ရှိသည့်အတွက် ရုရှားက ထောက်ပံ့ပေးထားသည့် ဆိုင်ဘာတိုက်ခိုက်မှုများ ရှိလာနိုင်သဖြင့် ဘဏ်များကို အသင့်အနေအထား ရှိနေစေရန် ဥရောပဗဟိုဘဏ်က ပြင်ဆင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားနှင့် ယူကရိန်းအကြား ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဥရောပမှ နိုင်ငံရေးသမားများနှင့် စီးပွားရေးသမားများသည် စိုးရိမ်မှုများ ရှိနေကြသလို အဆိုပါပဋိပက္ခမှတစ်ဆင့် ဒေသတစ်ခုလုံးအပေါ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာစေမည်ကိုလည်း ပူပန်လျက်ရှိသည်။
ပြင်သစ်ဝန်ကြီးဟောင်း ခရစ္စတင်းလန်ဂါဒီဦးဆောင်သည့် ဥရောပဗဟိုဘဏ်သည် ဥရောပတစ်ခွင်၌ အကြီးဆုံး ချေးငွေထုတ်ပေးသည့် ဘဏ်ဖြစ်ပြီး ယခုအခါ ရုရှားဘက်က ဆောင်ရွက်လာနိုင်သည့် ဆိုင်ဘာတိုက်ခိုက်မှုများအတွက် အသင့်ပြင်ဆင်နေရကြောင်း သတင်းတွင် ဖော်ပြထားသည်။
အာဏာပိုင်များသည် ပုံမှန်အားဖြင့် ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်လာသည့် မှုခင်းများကို အလေးထား ဖြေရှင်းနေရသော်လည်း ယခုအခါ ယူကရိန်းအရေးကြောင့် ရုရှားဘက်က ဆောင်ရွက်လာနိုင်သည့် ဆိုင်ဘာတိုက်ခိုက်မှုများကို စိုးရိမ်နေရပြီး ဘဏ်များအနေဖြင့် အသင့်ရှိ မရှိ မေးမြန်းလျက်ရှိသည်ဟု ရိုက်တာသတင်းဌာနကို ဖြေကြားသည့် သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ သိရသည်။
အမေရိကန်၌လည်း နယူးယောက် ဘဏ္ဍာရေးဝန်ဆောင်မှုဌာနက ဇန်နဝါရီလ နှောင်းပိုင်းတွင် ငွေကြေးအဖွဲ့အစည်းများကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ ရုရှားကသာ ယူကရိန်းကို ကျူးကျော်ပြီး အမေရိကန်ဘက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိလာပါက ရုရှားသည် တစ်ဆင့်ခံ ဆိုင်ဘာတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
ယခုနှစ်အစောပိုင်းတွင် ယူကရိန်းဝက်ဘ်ဆိုက် အများအပြားသည် တိုက်ခိုက်ခံခဲ့ရပြီး “ကြောက်ပါ၊ အဆိုးဆုံးကို မျှော်လင့်ထားပါ” ဟူသောစာများ ဝက်ဘ်ဆိုက်ပေါ်တွင် ဖော်ပြထားခြင်း ခံခဲ့ရသည်။ တိုက်ခိုက်မှုများသည် ရုရှားထောက်လှမ်းရေးနှင့် ဆက်နွယ်မှုရှိသည့် ဟက်ကာအုပ်စုများ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယူကရိန်း ပြည်တွင်းလုံခြုံရေးဌာနက ထိုစဉ်က ပြောကြားခဲ့သည်။