- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အဓိပ္ပာယ်မရှိသည့် ရုရှားစစ်ပွဲ ရပ်တန့်သင့်ပြီဟု ကုလအတွင်းရေးမှူးချုပ် ပြော
ပြီးခဲ့သောလက စတင်ခဲ့သည့် ရုရှားတို့၏ ယူကရိန်းအပေါ် ဆင်နွှဲနေသော ‘အဓိပ္ပာယ်မရှိသည့်စစ်ပွဲ’ ကို ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။
24 Mar 2022

DMG | မတ် ၂၄
ပြီးခဲ့သောလက စတင်ခဲ့သည့် ရုရှားတို့၏ ယူကရိန်းအပေါ် ဆင်နွှဲနေသော ‘အဓိပ္ပာယ်မရှိသည့်စစ်ပွဲ’ ကို ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။
ယခုပဋိပက္ခသည် ဘယ်မှမရောက်ဘဲ မြန်မြန်ဆန်ဆန် ဆိုးဝါးလာနေသလို ယူကရိန်းပြည်သူများသည် အရှင်လတ်လတ် ငရဲကျခံနေကြရသည်ဟုလည်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားသည်။
“ယူကရိန်းစစ်ပွဲဟာ ကျင့်ဝတ်အရ လက်ခံနိုင်စရာမရှိသလို နိုင်ငံရေးအရလည်း လက်ခံခွင့်လွှတ်နိုင်စရာမရှိ၊ စစ်ရေးအရလည်း အမြီးအမောက်မတည့်ပါဘူး” ဟု ဂူတားရက်စ်က နယူးယောက်တွင် သတင်းထောက်များအား ပြောကြားသည်။
အဓိကကျသည့် ကိစ္စရပ်အများအပြားတွင် သံတမန်လုပ်ငန်းစဉ်များ စတင်နေပြီဟုလည်း ဂူတားရက်စ်က ဆိုသည်။
ယူကရိန်းစစ်ပွဲသည် ပိုမိုပြင်းထန်လာနေပြီး “ပျက်စီးဆုံးရှုံးရမှု ပိုများလာသလို အချိန်နဲ့အမျှ ခန့်မှန်းလို့မရနိုင်” ဖြစ်လာနေသည်ဟု သူကပြောသည်။
လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ယူကရိန်းပြည်သူစုစုပေါင်း ၁၀ သန်းရှိနေပြီဟုလည်း ကုလအတွင်းရေးမှူးချုပ်က ပြောသည်။