- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များအား ဘယ်လာရုစ်ထောက်လှမ်းရေးနှင့် ဆက်စပ်အဖွဲ့ လုပ်ဆောင်ခြင်းဟု ယူကရိန်းယူဆ
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် ဘယ်လာရုစ်ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်မှုရှိနေသည့် ဟက်ကာအဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းအစိုးရဘက်က ယူဆကြောင်း အကြီးတန်းယူကရိန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် ဘယ်လာရုစ်ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်မှုရှိနေသည့် ဟက်ကာအဖွဲ့တစ်ခုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းအစိုးရဘက်က ယူဆကြောင်း အကြီးတန်းယူကရိန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနအား ပြောကြားသည်။
အဆိုပါ ဟက်ကာအဖွဲ့ အသုံးပြုခဲ့သော Malware သည်လည်း ရုရှားထောက်လှမ်းရေးနှင့် ဆက်နွယ်မှုရှိသည့် အဖွဲ့တစ်ဖွဲ့က အသုံးပြုခဲ့သော Malware အမျိုးအစားနှင့် ဆင်တူသည်ဟု အဆိုပါအရာရှိက ပြောကြားသည်။
ပြီးခဲ့သော သောကြာနေ့က ယူကရိန်းအစိုးရဝက်ဘ်ဆိုက်များပေါ်၌ ခြိမ်းခြောက်သည့်စာသားများ ဖော်ပြခြင်းခံခဲ့ရသည်။
အဆိုပါလုပ်ရပ်ကို UNC1151 ဟုခေါ်သည့် ဟက်ကာအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဟု ယူကရိန်းက ယူဆပြီး ထိုအဖွဲ့သည့် နောက်ကွယ်တွင်လည်း ဖျက်လိုဖျက်ဆီးလုပ်ရပ်များ အများကြီး ဆောင်ရွက်ခဲ့သည်ဟု ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ လက်ထောက်အတွင်းရေးမှူး ဆာဟီဒီမီယက်က ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကရိန်းနယ်စပ်တွင် ရုရှားဘက်က အင်အား အများအပြား နေရာချထားမှုကြောင့် ကီယက်ဗ်နှင့် ဝါရှင်တန်တို့က ရုရှားသည် ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု စိုးရိမ်မှုရှိနေချိန်၌ ယခုကဲ့သို့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ရုရှားဘက်ကမူ ယခုကဲ့သို့ စိုးရိမ်မှုများသည် အခြေအမြစ်မရှိဟု ပြောကြားသည်။
တိုက်ခိုက်ခံရသော ဝက်ဘ်ဆိုက်များပေါ်၌ “ကြောက်ရွံ့ကြ၊ အဆိုးဆုံးကို မျှော်လင့်ထားကြ” ဟူသည့်စာသားများ ဖော်ပြခြင်းခံခဲ့ရသည်။
ဒီမီယက်၏မှတ်ချက်သည် အစိုးရဝက်ဘ်ဆိုက် ဒါဇင်နှင့်ချီ တိုက်ခိုက်ခံခဲ့ရပြီးနောက် ကီယက်ဗ်၏ ပထမဆုံး အသေးစိတ် ဖြေကြားချက်ဖြစ်သည်။ ဘယ်လာရုစ်နှင့် အနီးကပ်ဆက်ဆံရေး ရှိသည့် ရုရှားနိုင်ငံသည်လည်း ယခုကိစ္စတွင် ပါဝင်ပတ်သက်မှု ရှိကောင်းရှိနိုင်ကြောင်း အရာရှိများက ပြောကြားသော်လည်း အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယူကရိန်းဘက်က ပြောကြားမှုနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနအားမေးမြန်းရာတွင် ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ ရုရှားသည် ယူကရိန်းအပါအဝင် နိုင်အငံအချို့ ဆိုင်ဘာတိုက်ခိုက်ခံရမှုများနှင့် ပတ်သက်၍ ဆက်စပ်မှုမရှိကြောင်း ငြင်းဆိုထားသည်။