- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်အင်အား တိုးချဲ့မှုများကြောင့် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ကုလသမဂ္ဂ စိုးရိမ်ကြောင်း ပြောကြား
ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လက်နက်ကြီးများနှင့်အတူ စစ်တပ်အင်အား တိုးမြှင့်မှုများ ရှိလာနေသည့် မြန်မာစစ်တပ်သည် ၎င်းကို ဆန့်ကျင်သူများအား အင်နှင့်အားနှင့် တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို မိမိတို့အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
09 Oct 2021
DMG ၊ အောက်တိုဘာ ၉
ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လက်နက်ကြီးများနှင့်အတူ စစ်တပ်အင်အား တိုးမြှင့်မှုများ ရှိလာနေသည့် မြန်မာစစ်တပ်သည် ၎င်းကို ဆန့်ကျင်သူများအား အင်နှင့်အားနှင့် တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို မိမိတို့အနေဖြင့် စိုးရိမ်ပူပန်လျက်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်တပ်သည် ပြီးခဲ့သည့်လအတွင်း ချင်းပြည်နယ်နှင့် အခြားနေရာများတွင် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့ပြီး လက်နက်ကိုင်များကို မြေလှန်ရှာဖွေကာ သတ်ဖြတ်မှု၊ နေအိမ်များအား မီးရှိုှု့မှုများကိုလည်း ကျူးလွန်ခဲ့သည်ကို မိမိတို့ မှတ်တမ်းတင်ထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောခွင့်ရအမျိုးသမီး ရာဗီနာရှန်ဒါဆာနီက ပြောကြားသည်။
“ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ဒီဒေသတွေမှာ အကြီးအကျယ် အင်အားဖြည့်တင်းတာတွေ၊ လက်နက်ကြီးနဲ့ တပ်ဖွဲ့ဝင်တွေ နေရာချထားမှုတွေ မြင်နေရပါတယ်” ဟု ရှန်ဒါဆာနီက ဂျီနီဗာတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားသည်။
အကြမ်းဖက်မှုများနှင့် စစ်အင်အား တိုးချဲ့မှုများကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး အကြီးအကဲ မီရှယ်ဘက်ရှ်လက်အနေဖြင့် မြန်မာနိုင်ငံတွင် အရပ်သားများအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ကို အထူးသတိကြီးစွာဖြင့် စိတ်ပူပန်မှု ရှိနေကြောင်း သူက ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အောက်တိုဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးရသူစုစုပေါင်း ၁၁၆၀ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာစစ်တပ်ဘက်ကမူ အဆိုပါတွက်ချက်မှုသည် အလွန်အကျွံ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ပြီး မိမိတို့ဘက်က လုံခြုံရေး တပ်ဖွဲ့ဝင်များ အသတ်ခံရခြင်းလည်း ရှိသည်ဟု ပြောကြားထားသည်။