- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်လာနိုင်ခြေ ရှိနေကြောင်း ကုလအထူးကိုယ်စားလှယ် ပြော
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည့် အလားအလာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တနင်္လာနေ့တွင် သတိပေးလိုက်သည်။
26 May 2021
DMG ၊ မေ ၂၆
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်လာနိုင်သည့် အလားအလာ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တနင်္လာနေ့တွင် သတိပေးလိုက်သည်။
လူထုသည် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုများကို ထိတ်လန့်ကာ ကိုယ့်ကိုယ်ကိုယ် ခုခံမှုများ ပြုလုပ်လာကြသဖြင့် ပြည်တွင်းစစ်တစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာ ဘာဂျီနာက အွန်လိုင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူများသည် မြန်မာစစ်တပ်အား ခုခံတော်လှန်ရန် ကိုယ်တိုင်ကိုယ်ကျ လက်နက်ပြင်ဆင်နေကြကြောင်း သူမက ဆိုသည်။
ဆန္ဒပြသူများသည်လည်း အိမ်လုပ် လက်နက်များဖြင့် ခံစစ်မှ ထိုးစစ်သို့ အသွင်ပြောင်းလာနေကြသူများ ရှိသလို တိုင်းရင်းသား လက်နက်ကိုင်များထံတွင် သင်တန်း တက်နေကြသူများလည်း ရှိသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းမှ အသိသက်သေ အုပ်စုငယ်တစ်စု အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဆန္ဒဖော်ထုတ်ရေး ကော်မတီများနှင့် မြန်မာစစ်တပ်တို့ပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် သူမအနေဖြင့် ပြီးခဲ့သည့် သီတင်းသုံးပတ် ကာလအတွင်း အဓိက အင်အားစု အများအပြားနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အလွန်အမင်း ဆိုးဝါးနေပြီး သေဆုံးသူ ၈၀၀ ကျော်၊ ဖမ်းဆီးခံရသူ ၅၃၀၀ ကျော်နှင့် ဖမ်းဝရမ်း ထုတ်ခံထားရသူပေါင်း ၁၈၀၀ ကျော် ရှိနေပြီဟုလည်း သူမက ထောက်ပြခဲ့သည်။