- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရုရှားနှင့်မြောက်ကိုရီးယား ဆက်ဆံရေး တိုးမြှင့်မည်ဟု ပူတင်ပြော
နှစ်နိုင်ငံဆက်ဆံရေးကို “ပြည့်စုံခိုင်မာပြီး အပြုသဘောဆောင်သော နှစ်ဘက်ဆက်ဆံရေးအား ဘုံကြိုးပမ်းမှုဖြင့် တိုးချဲ့သွားမည်” ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် KCNA သတင်းဌာနက သြဂုတ်လ ၁၅ ရက်နေ့တွင် ဖော်ပြလိုက်သည်။
16 Aug 2022

DMG ၊ ဩဂုတ် ၁၆

ကိုရီးယားလွတ်လပ်ရေးနေ့သို့ ပေးပို့သော သဝဏ်လွှာ၌ ပူတင်က ပိုမိုနီးကပ်သောဆက်ဆံရေးသည် နှစ်နိုင်ငံလုံး၏ အကျိုးစီးပွားအတွက် ရှိနေမည်ဖြစ်သလို ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကိုလည်း အားကောင်းစေမည်ဟု ပြောကြားကြောင်း KCNA က ပြောသည်။
ကင်ဂျုံအန်းဘက်ကလည်း ပူတင်ထံသို့ သဝဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပြီး ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးသည် ကိုရီးယားကျွန်ဆွယ်ကို သိမ်းပိုက်ထားသည့် ဂျပန်တို့အား ပြန်လည်တိုက်ထုတ် အောင်မြင်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်း တိုးတက်ကောင်းမွန်လာခဲ့သည်ဟု ထည့်သွင်းဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သော ဇူလိုင်လ၌ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားထောက်ပံ့ထားသည့် ခွဲထွက်ရေးနယ်မြေနှစ်ခုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
အဆိုပါဒေသ၌ ဆောက်လုပ်ရေးနှင့် အခြားလုပ်ငန်းများအတွက် အကူအညီပေးရန် မြောက်ကိုရီးယား လုပ်သားများကိုလည်း စေလွှတ်နိုင်ခြေရှိကြောင်း မြောက်ကိုရီးယားအရာရှိများက ပြောကြားခဲ့သည်။