ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းက ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုကို စံချိန်တင် ဖောင်းပွစေနိုင်ဟု ကုလပြော

ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ရုရှား၏ယူကရိန်းတွင်ပြုလုပ်ခဲ့သည့် စစ်ပွဲကြောင့် သန်း ၁ဝဝ ကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ရလဒ်အနေဖြင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကြောင့် နောက်ထပ် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

17 Jun 2022

ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ရုရှား၏ယူကရိန်းတွင်ပြုလုပ်ခဲ့သည့် စစ်ပွဲကြောင့် သန်း ၁ဝဝ ကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ရလဒ်အနေဖြင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကြောင့် နောက်ထပ် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။ ဓာတ်ပုံ - AFP

DMG ၊ ဇွန် ၁၇

ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူဦးရေသည် ရုရှား၏ယူကရိန်းတွင်ပြုလုပ်ခဲ့သည့် စစ်ပွဲကြောင့် သန်း ၁ဝဝ ကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ရလဒ်အနေဖြင့် ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကြောင့် နောက်ထပ် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားသည်။

ရုရှား၏ ကျူးကျော်စစ်ကြောင့် သိသိသာသာ ပိုမိုဆိုးရွားလာခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံခြုံမှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် လုပ်ဆောင်ရမှာ “ပဓာနအရေးကြီးဆုံးအနေဖြင့် လူအများအပြား ရွှေ့ပြောင်းသွားလာမှုကို တားဆီးရန်ဖြစ်သည်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ ဖိလစ်ပိုဂရန်ဒီက သတင်းထောက်များအား ပြောကြားသည်။

“အရေအတွက် ဘယ်လောက်ရှိလဲ မေးရင် မသိပါဘူး။ ဒါပေမယ့် တော်တော်များတဲ့ အရေအတွက်တွေ ဖြစ်ပါလိမ့်မယ်” ဟုလည်း ဖိလစ်ပိုဂရန်ဒီကပြောသည်။

အစဉ်အလာအရ ကမ္ဘာ့စပါးကျီဖြစ်သည့် ယူကရိန်းအား ရုရှား၏ အပြည့်အဝကျူးကျော်မှုကြောင့် စားနပ်ရိက္ခာများ သိသိသာသာ ပြတ်တောက်မှု စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ကုန်ဈေးနှုန်းများ မြင့်တက်လာကာ လူသန်းရာပေါင်းများစွာကို ငတ်မွတ်မှုဘေး အန္တရာယ်ကျရောက်စေခဲ့သည်။

"ဒါကို မြန်မြန်မဖြေရှင်းရင် သက်ရောက်မှုက ဆိုးရွားပါလိမ့်မယ်။ ခုတည်းက ဆိုးဆိုးဝါးဝါး ပျက်စီးနေပါပြီ" ဟု ဖိလစ်ပိုဂရန်ဒီက ပြောကြားသည်။

၂ဝ၂၁ ခုနှစ် အကုန်တွင် ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ဆဖြစ်သည့် စံချိန်တင်လူဦးရေပေါင်း ၈၉.၃ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ခြင်းကို ဖော်ပြထားသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို တင်ပြရာတွင် သူ၏မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်တွင် အပြည့်အဝ စတင်ကျူးကျော်ဝင်ရောက်ချိန်မှစ၍ လူဦးရေ ၁၄ သန်းခန့်ရှိသည့် ယူကရိန်းနိုင်ငံသားများသည် ဒုက္ခသည်များအဖြစ် စစ်ဒဏ်ခံနေရသည့် မိမိတို့နိုင်ငံအတွင်း သို့မဟုတ် နယ်စပ်များကိုဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုသည် ဆိုးရွားစွာများပြားသည့် အရေအတွက် သန်း ၁ဝဝ ကျော် အဖြစ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သည်။