- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဇနီး ၃၉ ဦးရှိသည့် အိန္ဒိယအမျိုးသား ကွယ်လွန်
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၌ နေထိုင်သူ ဇနီး ၃၉ ဦး ရှိသည့် အမျိုးသားသည် ဇွန်လ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။
15 Jun 2021

DMG ၊ ဇွန် ၁၅
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၌ နေထိုင်သူ ဇနီး ၃၉ ဦး ရှိသည့် အမျိုးသားသည် ဇွန်လ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သည်။
အသက် ၇၆ နှစ်အရွယ် Ziona Chana ကွယ်လွန်ကြောင်းကို မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဇိုရမ်သန်ဂါက တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
Ziona Chana သည် မယားပြိုင်စနစ်ကို တရားဝင်ခွင့်ပြုသည့် ခရစ်ယာန် ဘာသာရေးဂိုဏ်း၏ ဒေသတွင်းအကြီးအကဲ ဖြစ်သည်။

‘Chana’ ဟုအမည်ရသည့် ဂိုဏ်းအား Ziona ၏ ဖခင်က ၁၉၄၂ ခုနှစ်တွင် ထူထောင်ခဲ့ပြီး အသင်းဝင် မိသားစုပေါင်း ရာနှင့်ချီရှိသည်။ Ziona သည် ပထမဆုံးဇနီးကို အသက် ၁၇ နှစ်တွင် လက်ထပ်ယူခဲ့သည်။
မြေး ၃၃ ဦးကိုပါ ထည့်တွက်မည်ဆိုပါက မိသားစုဝင် စုစုပေါင်း ၁၆၇ ဦးရှိသည့် ၎င်း၏ မိသားစုနှင့်အတူ Ziona Chana သည် မီဇိုရမ်ရှိ Baktawng ကျေးရွာတွင် နေထိုင်ခဲ့သည်။ ၎င်း၏ နေအိမ်မှာ အထပ် ၄ ထပ်မြင့်ပြီး စုစုပေါင်းအခန်း ၁၀၀ ဝန်းကျင် ရှိသည်။

Ziona သည် သူ၏ သီးသန့်အိပ်ခန်းအနီးရှိ အဆောင်တစ်ခုတွင် ဇနီးများနှင့်အတူ နေထိုင်လေ့ရှိပြီး အနီးအနားတွင် ဇနီး ၇ ဦး ၈ ဦးခန့်စီ တစ်ချိန်လုံး ခေါ်ထားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ကနေဒါရှိ မယားပြိုင်ဂိုဏ်း Mormom ဂိုဏ်းအကြီးအကဲ Winston Blaclmore သည် ဇနီး ၂၇ ဦးရှိပြီး သားသမီး ၁၅၀ ဝန်းကျင်နှင့်အတူ စုစုပေါင်း မိသားစုဝင် ၁၇၈ ဦးရှိသည်။