- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
၂၀၂၂ ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၁၁၇ ချိတ်
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ စစ်တမ်းသည် ကမ္ဘာ့နိုင်ငံ ၁၃၇ နိုင်ငံကို စာရင်းကောက်ယူထားခြင်း ဖြစ်သည်။
21 Mar 2023
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ထောက်ပံ့ပြီး Sustainable Solutions Network က ကောက်ယူခဲ့သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၁၁၇ တွင် ရှိနေကြောင်း စစ်တမ်းအရ သိရသည်။
၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ စစ်တမ်းသည် ကမ္ဘာ့နိုင်ငံ ၁၃၇ နိုင်ငံကို စာရင်းကောက်ယူထားခြင်း ဖြစ်သည်။
မြန်မာသည် အပျော်ရွှင်ဆုံးအဆင့် ၁၁၇ တွင် ရှိနေသော်လည်း တကယ်တမ်း၌ စာရင်းကို ပြောင်းပြန်ချ၍ ရေတွက်လျှင် မပျော်ရွှင်ဆုံး နိုင်ငံများအနက် အဆင့် ၂၀ တွင် ရှိနေခြင်း ဖြစ်သည်။
၂၀၂၂ တွင် မြန်မာအတွက် စစ်တမ်း ကောက်ယူနိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၀ နှင့် ၂၀၂၁ တွင် ကောက်ယူခဲ့သည့် မှတ်တမ်းများကို အခြေခံ၍ ပျမ်းမျှခန့်မှန်းထားခြင်း ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများအနက် မြန်မာနှင့် ကပ်နေသော ဘင်္ဂလားဒေ့ရှ်သည် အပျော်ရွှင်ဆုံး နိုင်ငံအဆင့် ၁၁၈၊ အိန္ဒိယသည် ၁၂၆၊ ထိုင်းနိုင်ငံသည် ၆၀ နှင့် တရုတ်က ၆၄ အသီးသီးရှိကြသည်။
စစ်တမ်းအရ အပျော်ရွှင်ဆုံး ငါးနိုင်ငံမှာ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စလန်၊ အစ္စရေးနှင့် နယ်သာလန်တို့ ဖြစ်ကြသည်။ ပျော်ရွှင်မှု အနည်းဆုံး နိုင်ငံမှာ အာဖဂန်နစ္စတန်ဖြစ်ပြီး သူ့နောက်တွင် လက်ဘနွန်၊ ဆီရာလီယွန်၊ ဇင်ဘာဘွေနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ ရှိကြသည်။
Gallup World Poll က ကောက်ယူထားသည့် အချက်အလက်များ အပေါ် အခြေခံပြီး ယခုစစ်တမ်းကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ အချက်အလက်များ ကောက်ယူရာ၌ ဖြေဆိုသူများအား ၎င်းတို့၏ စံသတ်မှတ်ထားသော အပျော်ဆုံးဘဝနှင့် လက်ရှိရှင်သန်နေရသော အခြေအနေကို နှိုင်းယှဉ်ကာ ၁ မှ ၁၀ အကြား အမှတ်ပေးခိုင်းခြင်း ဖြစ်သည်။ Gallup World Poll သည် တစ်နိုင်ငံချင်းစီမှ ဖြေကြားသူ ၁၀၀၀ ထံမှ အဖြေများ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်မှုအစီရင်ခံစာ (World Happiness Report) က နိုင်ငံများအကြား ပျော်ရွှင်မှုပမာဏ ကွဲပြားကြရာတွင် အဓိကအချက် ၆ ချက်ရှိသည်ဟု ဆိုသည်။ အဆိုပါအချက်များမှာ တစ်ဦးချင်းဝင်ငွေ၊ ပျက်မျှလူ့သက်တမ်းနှင့် ကျန်းမာရေးအခြေအနေ၊ လူမှုရေးဆိုင်ရာ ကူညီထောက်ပံ့မှု၊ မိမိ၏ဘဝနှင့် ပတ်သက်၍ လွတ်လပ်စွာ ရွေးချယ်ပုံဖော်နိုင်ခွင့်၊ ကူညီပေးကမ်းမှု ရက်ရောခြင်း၊ အကျင့်ပျက်ခြစားမှုတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။
ထို့အပြင် နိုင်ငံတစ်ခုအတွင်း အပျော်ရွှင်ဆုံးနှင့် မပျော်ရွှင်ဆုံး လူတန်းစားကွာဟချက် နည်းပါးသည့် နိုင်ငံများမှ ပြည်သူများသည် ယေဘုယျအားဖြင့် ပိုမို၍ပျော်ရွှင်ကြသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။