- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
မွတ်ဆလင်ဒုက္ခသည်များအတွက် အမေရိကန်က ဒေါ်လာ ၁၉၉ သန်းဖိုး အကူအညီများ ပေးမည်
ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်းဖိုး လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာလိုက်သည်။
26 Sep 2024
ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် ဒေါ်လာ ၁၉၉ သန်းဖိုး လူသားချင်းစာနာမှု အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း အမေရိကန်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာလိုက်သည်။
နယူးယောက်မြို့တွင် ကျင်းပနေသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မွတ်ဆလင်ဒုက္ခသည်အရေး အလွတ်သဘော ဆွေးနွေးပွဲ၌ အမေရိကန်နိုင်ငံခြားရေးဌာန၊ အရပ်ဘက်လုံခြုံရေး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အကြီးတန်းဝန်ကြီး အူဇရာဇီယာ (Uzra Zeya) ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
ဤအကူအညီ၌ နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အကူအညီ (USAID) မှတစ်ဆင့် ၁၂၉ သန်းကျော်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သန်း ၇၀ နီးပါးတို့ ပါဝင်သည်။ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ချက် ကြုံနေရသည့် ဒုက္ခသည် ၆ သိန်းကျော်အတွက် ဤအကူအညီများကို ပေးအပ်သွားရန် ရည်ရွယ်ထားသည်။
ဤထောက်ပံ့ငွေဖြင့် အမေရိကန်လယ်သမားများထံမှ စားနပ်ရိက္ခာတန်ချိန် ၅ သိန်းကျော်ဝယ်ယူပြီး ဒုက္ခသည်များထံသို့ ပေးအပ်သွားမည်ဖြစ်သည်။
ထို့အပြင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ IRC ၊ ယူနီဆက်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် WFP တို့မှ တဆင့် စားနပ်ရိက္ခာ အကူအညီများကိုလည်း ဤရန်ပုံငွေဖြင့် ပေးအပ်သွားမည် ဖြစ်သည်။
ယခုအကူအညီ၌ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ အပါအဝင် ၎င်းတို့ကို လက်ခံပေးထားသည့် အိမ်ရှင်အသိုင်းအဝိုင်း အတွက်လည်း ကူညီထောက်ပံ့မှုများ ပါဝင်သည်။