မြန်မာစစ်ကောင်စီ တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးနေဟု ကုလအထူးကိုယ်စားလှယ်ပြော

“စစ်ကောင်စီဟာ သူမထိန်းချုပ်နိုင်တော့တဲ့ တိုင်းပြည်ကို သူကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်နေပါပြီ” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဆိုသည်။

By Admin 11 Jul 2024

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး။ ဓာတ်ပုံ - UN
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး။ ဓာတ်ပုံ - UN

မြန်မာစစ်ကောင်စီသည် ၎င်းမထိန်းချုပ်နိုင်တော့သည့် တိုင်းပြည်အား ကိုယ်တိုင် ဖျက်ဆီးနေသလို ဖြစ်နေပြီဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ယနေ့ (ဇူလိုင် ၁၁) ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ တွမ်အင်ဒရူးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် တပ်ဖွဲ့ဝင်များ၊ တပ်စခန်းများနှင့် နယ်မြေများကို လက်လွတ်ဆုံးရှုံးနေရပြီဟုလည်း တွမ်အင်ဒရူးက ပြောသည်။

“စစ်ကောင်စီဟာ သူမထိန်းချုပ်နိုင်တော့တဲ့ တိုင်းပြည်ကို သူကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်နေပါပြီ” ဟု သူကဆိုသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားများကို တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သော ခြောက်လအတွင်း စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အရေအတွက်သည် အများအပြား ရှိလာကြောင်းလည်း သူကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးရသူ အရပ်သားအရေအတွက်သည် ၅၃၀၀ ကျော်ရှိကာ ဖမ်းဆီးခံထားရသူ ၂ သောင်းကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားသည်။

ဗီဒီယိုများ