- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်အဖြေများ ရှာဖွေသွားမည်ဟု ဘိုင်ဒန်က ဟာဆီနာထံ ပေးပို့သောစာတွင် ဖော်ပြ
သမ္မတဘိုင်ဒန်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ မတ်လ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့သောစာကို ဒါကာရှိ အမေရိကန်သံရုံးက မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
28 Mar 2023
မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်ဖြေရှင်းချက်များ ရှာဖွေဆောင်ရွက်ရန်နှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သူများ တာဝန်ယူမှုရှိစေရန်အတွက် ဆောင်ရွက်ရန် အမေရိကန်အနေဖြင့် သန္နိဌာန်ချထားသည်ဟု အမေရိကန်သမ္မတဘိုင်ဒန်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံ ပေးပို့သောစာ၌ ဖော်ပြထားကြောင်း The Daily Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတဘိုင်ဒန်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ မတ်လ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့သောစာကို ဒါကာရှိ အမေရိကန်သံရုံးက မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဘိုင်ဒန်သည် မတ်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ဂုဏ်ပြုလွှာကို ဝန်ကြီးချုပ်ဟာဆီနာထံ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် မွတ်ဆလင်ဒုက္ခသည် တစ်သန်းခန့်ကို လက်ကမ်းကြိုဆိုခဲ့သည်ဟု ဘိုင်ဒန်၏ ပေးစာတွင် ဖော်ပြထားသည်။
“ကိုယ်ချင်းစာနာမှုနဲ့ ရက်ရောမှုတို့ကို ဝန်ကြီးချုပ်ဟာဆီနာဟာ ကမ္ဘာကြီးအတွက် စံနမူနာတစ်ရပ်အဖြစ် လက်တွေ့ လုပ်ဆောင်ပြခဲ့ပါတယ်” ဟု စာတွင်ဖော်ပြထားသည်။
ဘိုင်ဒန်၏ စာ၌ ငြိမ်းချမ်းရေး လုပ်ငန်းများတွင် အကြီးမားဆုံး ပါဝင်ကူညီနေပြီး မွတ်ဆလင်ဒုက္ခသည်များ ကိုလည်း ကာကွယ်ပေးနေသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ချီးကျူးဂုဏ်ပြုထားသည်။
နှစ်နိုင်ငံသံတမန် ဆက်ဆံရေးသက်တမ်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်တို့သည် စီးပွားရေးမြှင့်တင်ခြင်း၊ နှစ်ဘက်ပြည်သူများအကြား ဆက်ဆံရေး အားကောင်းခိုင်မာအောင် ဆောင်ရွက်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ဥတုရာသီအရေးများကို ဖြေရှင်းခြင်း၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ဆောင်ရွက်ရာ၌ မိတ်ဘက်အဖြစ် ရှိနေခြင်းတို့ကဲ့သို့ ဆောင်ရွက်ချက်များကို အတူတကွ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အမေရိကန်အနေဖြင့်လည်း ဘင်္ဂလားဒေ့ရှ်အား ချမ်းသာကြွယ်ဝပြီး လုံခြုံကာ ဒီမိုကရေစီနည်းလမ်းတကျရှိသော လွတ်လပ်သည့်နိုင်ငံ ဖြစ်ပါစေကြောင်း အမှာစကားပါးသည်ဟု ဘိုင်ဒန်၏ စာ၌ ဖော်ပြထားသည်။