- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
ရခိုင်က အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအီးဒ်နေ့
ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿဟာ (ကုရ်ဘာနီအီးဒ်)နေ့ ကို ရခိုင်ပြည်အတွင်းက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြိုနယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
29 Jun 2023
DMG ၊ ဇွန် ၂၉
ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ အီဒုလ်အဿဟာ (ကုရ်ဘာနီအီးဒ်)နေ့ ကို ရခိုင်ပြည်အတွင်းက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြိုနယ်တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကုရ်ဘာနီအီးဒ်နေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ အလ္လာဟ်အရှင်ထံ ဝတ်ပြုဆုတောင်းခြင်း၊ အလ္လာဟ်အရှင် အမြတ်၏ အမိန့်ကို လိုက်နာခြင်းအားဖြင့် ကုရ်ဘာနီ (စွန့်လွှတ်လှူဒါန်းခြင်း) များကို ပြုလုပ်သည့်နေ့ ဖြစ်သည်ဟု စစ်တွေမြို့၊ ဘုမေ(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးခေါင်းဆောင် ဦးမောင်တင့်က DMG ကို ပြောသည်။
“ဒီပွဲလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အလ္လာဟ်ရဲ့အမိန့်အရ ကျေနပ်မှုရအောင် လုပ်ရတဲ့ပွဲဖြစ်တယ်။ ဒီပွဲဟာ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်နှစ်မှာတစ်ကြိမ် ကျရောက်တဲ့ နေ့ကြီးနေ့မြတ်ဖြစ်တယ်။ ဒီပွဲမှာ (ငွေကြေး) တတ်နိုင်တဲ့သူတွေက ကျွဲ၊ နွားအသက်တွေကို စွန့်လွှတ်လှူရတာပေါ့” ဟု ၎င်းက ပြောသည်။
အီးဒ်နေ့တွင် ဆွေမျိုး၊ မိတ်ဆွေများအပြင် အခြားဘာသာဝင်လူမျိုးကလည်း လာရောက်ပူးပေါင်းပြီး ချက်ပြုတ်ထားသည့် ဟင်းလျာများကို စားသုံးမှုများရှိသည်ဟု ဘုမေကျေးရွာမှ ကိုဇော်မင်းထွန်းက ပြောသည်။
“ရင်းနှီးတဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေ လာကြတယ်။ မိတ်ဆွေတွေလာတဲ့အချိန်မှာ သူတို့ကို ထမင်းတွေကျွေးတယ်။ မုန့်တွေကျွေးတယ်။ ဒီနေ့မှာ ကျနော်တို့က လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘူး။ ပြဌာန်းချက်မှာလည်း အဲဒီလိုပဲ။ ဘာသာခြားဆိုပေမဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အလေးထားတဲ့အနေနဲ့ လက်ဆောင်ပေးတာတွေရှိပါတယ်” ဟု သူက ပြောသည်။
အီးဒ်နေ့တွင် အစ္စလာမ်ဘာသာဝင်များမှာ ဘုရားဝတ်ပြုခြင်း၊ အသားဝေခြင်း၊ မုန့်အချိုကျွေးခြင်း စသည့် ဘာသာရေးဓလေ့များကို ပြုလုပ်ကြကြောင်း သိရသည်။
ဘူးသီးတောင်မြို့မှ မွတ်ဆလင် အမျိုးသားတစ်ဦးက “ဒီပွဲက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်မြတ်ဆုံးပွဲတစ်ပွဲပါ။ ကုရ်ဘာနီဆိုတာက စွန့်လွှတ်တာပေါ့။ ဒီသားကောင်(ကျွဲ၊နွား)တွေကို ခါလာလုပ်(လည်လှီး)ပြီး ကျနော်တို့ ဘုရားသခင်အတွက် လှူဒါန်းတာပေါ့။ လွတ်လွတ်လပ်လပ် လုပ်လို့ရပါတယ်” ဟု ပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ ဓလေ့ထုံးတမ်းအရ အီးဒ်နေ့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လာသည်မှာ လက်ရှိတွင် နှစ်ပေါင်း ၁,၄၀၀ ကျော်အထိ ကြာမြင့်လာပြီဖြစ်ကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။
#R007 #I011