- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ယခုရက်ပိုင်းအတွင်း ရခိုင်တွင် မိုးရွာနိုင်သဖြင့် တောင်သူများ ဂရုပြုရန်လိုအပ်
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်း ၈၀ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။
18 Mar 2023
DMG ၊ မတ်လ ၁၈
ဘင်္ဂလားပင်လယ်အော်တွင် တိမ်ထူထပ်နေပြီး ယခုရက်ပိုင်းအတွင်း ရခိုင်တွင် မိုးရွာသွန်းနိုင်ကြောင်း ယနေ့(မတ်လ ၁၈ ရက်) နံနက်(၇)နာရီက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းနှင့် ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာသွန်းမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်း ၈၀ ရှိကြောင်း မိုးဇလက ခန့်မှန်းထားသည်။
ယခုရာသီတွင် မိုးရွာသွန်းလျှင် သီးနှံစိုက်ခင်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်တတ်သဖြင့် တောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ကာ ဂရုစိုက်ရန်လိုကြောင်း ကျောက်ဖြူမြို့ တောင်ရင်းရပ်ကွက်မှ ဖရဲစိုက်တောင်သူ ဦးဂျေမီက ပြောသည်။
“အခုလိုအချိန် ရွာတဲ့မိုးက အက်ဆစ်ဓာတ်တွေ ပါတတ်တဲ့အတွက်ကြောင့် စိုက်ပျိုးဆဲ ပျိုးပင်တွေအတွက်ရော၊ သီးနှံတွေအတွက်ပါ ထိခိုက်မှုတွေ ရှိတတ်ပါတယ်။ တကယ်လို့ မိုးအများကြီးရွာခဲ့မယ်ဆိုရင် အပင်မှာ မှိုနာကျရောက်တာတွေလည်း ဖြစ်တတ်တာမို့ စိုက်ခင်းဘောင်တွေမှာ ကြိုတင်ပြီးတော့ ရေမြောင်းဖောက်တာ၊ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ထားဖို့တော့ လိုပါတယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် ယခုရာသီ၌ ဖရဲ၊ ပြောင်း၊ ခရမ်း၊ ငရုတ်နှင့် ပဲ စသည့်သီးနှံများ စိုက်ပျိုးလေ့ ရှိပြီး မိုးရွားသွန်းနှုန်း များပါက ယင်းသီးနှံများ ပျက်စီးဆုံးရှုံးမှုများရှိတတ်သောကြောင့် တောင်သူများအတွက် ဂရုပြုရန်လိုအပ်သည်။
အလားတူ ယခုအချိန်မိုးရွာလျှင် ဆားလုပ်ငန်းမျာာလည်း ပျက်စီးဆုံးမှုများ ရှိတတ်သောကြောင့် သိုလှောင်ရုံများနှင့် အမိုးအကာများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းက တိုက်တွန်းသည်။
“ဆားလုပ်ငန်းဆိုတာက မိုးနဲ့ ဆန့်ကျင်ဘက်တွေဖြစ်တယ်။ ဒါကြောင့်မို့ မိုးရိပ်နည်းနည်းလောက် အုံဆိုင်းနေရုံနဲ့ ကွင်းမှာရှိတဲ့ဆားတွေကို ကောက်ပြီးတော့ သိုလှောင်ရုံတွေကို ပြောင်းထားဖို့ လိုသလို အခြားပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ပြန်ကြားရေးတာဝန်ခံ ဦးကျော်မောင်သိန်းက ပြောသည်။
ရခိုင်တွင် နှစ်စဉ် သင်္ကြန်နီးလာသည့် မတ်လနှင့် ဧပြီလတို့တွင် မိုးရွာသွန်းလေ့ရှိသော်လည်း တောင်သူတချို့မှာ ကြိုတင်ပြင်ဆင်မှု အားနည်းကြသည့်အတွက် လုပ်ငန်းခွင် ပျက်စီးဆုံးရှုံးမှုများကို ကြုံတွေ့ရသည်များလည်း ရှိခဲ့သည်။
#I008