- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကော့ကရိတ်- မြဝတီ အာရှလမ်း ပိုင်းပြတ်သွား
ကော့ကရိတ် - မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်အနီးနှင့် ရင်ခွဲတောင်ရှိ လမ်းပိုင်းနေရာမှာ လုံးဝပြတ်တောက်သွားခြင်း ဖြစ်သည်။
07 Aug 2023
DMG ၊ သြဂုတ် ၇
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ် - မြဝတီ အာရှလမ်းမသစ် ဒေါနတောင်ကျော်လမ်းတွင် ယနေ့နံနက်ပိုင်းက မြေပြိုပြီး လမ်းပိုင်းပြတ်သွားသဖြင့် လမ်းပန်းဆက်သွယ်ရေး ယာယီရပ်စဲနေသည်။
ကော့ကရိတ် - မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်အနီးနှင့် ရင်ခွဲတောင်ရှိ လမ်းပိုင်းနေရာမှာ လုံးဝပြတ်တောက်သွားခြင်း ဖြစ်သည်။
“တောနော်လမ်းဘက် ပြိုကျတာ။ အခု ဒီနေရာကို ရောက်နေပါတယ်။ တောင်ချချောင်းရေ အရမ်းကျပြီး ဖြစ်တာ။ မနေ့က လမ်းပိုင်းရှင်းထားတဲ့နေရာရဲ့ အရှေ့ဘက်မှာ ပြိုကျသွားတာ။ ရင်ခွဲတောင်နေရာလည်း လမ်းပိုင်းပြိုကျတာ ရှိနေပါတယ် ” ဟု သင်္ဃန်းညီနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လမ်းပိုင်းပြိုကျမှုအတွင်း အိမ်ကားတစ်စီးနှင့် ကုန်တင်ယာဥ်တစ်စီး မြေစာပုံပိမိမှုခဲ့သော်လည်း ထိခိုက်မရှိခဲ့ပေ။
“အိမ်ကားတစ်စီးနဲ့ ကုန်တင်ယာဥ်တစ်စီး မြေစာပိနေတယ်။ အခုထိတော့ လူအထိအခိုက် မရှိသေးဘူး။ ကားတွေကို ပြန်ဆယ်ဖို့လုပ်လို့ မရသေးဘူးဖြစ်နေတယ်” ဟု ရန်ကုန်-မြဝတီ ခရီးသည်ကား ယာဥ်မောင်းတစ်ဦးက ပြောသည်။
လမ်းပိုင်းပျက်စီးသည့် နေရာကို လတ်တလောတွင် ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် ရန်ကုန်-မြဝတီ ကားလမ်းဆက်သွယ်ရေး ယာယီရပ်တန့်ထားရကြောင်းမြို့ခံများက ပြောသည်။
“အခုအနေအထားက လမ်းပိုင်းပြန်ပြင်ဖို့ဆိုရင် အချိန်ကာလ လပိုင်းလောက် ကြာနိုင်တယ်။ လမ်းမဟောင်းဘက်ကိုသွားတဲ့ အိမ်စီးကားတွေတော့ ရှိတယ်။ ဒါပေမဲ့ လမ်းပိုင်းကလည်း မိုးရွာတော့ အခြေအနေ ကောင်း၊ မကောင်းတော့ မသေချာဘူး။ ဒါကြောင့် ကုန်စည်ပို့ဆောင်မှုကတော့ လောလောဆယ် ရပ်လိုက်ရပြီ” ဟု မြဝတီမြို့ခံ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် လမ်းပိုင်းပြတ်ထွက်သွားသည့် နေရာ၌ ကားအစီးရေ ရာဂဏန်းခန့် ပိတ်မိနေပြီး ကျုံဒိုးနှင့် မြဝတီ ကုန်သွယ်ဇုန်ဘက်သို့ လှည့်ပြန်နေကြရသည်။
မြဝတီ- ကော့ကရိတ်သွား အာရှလမ်းမသည် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ၌ အလွန်အရေးပါသော လမ်းကြောင်း ဖြစ်သည်။
#F004