ရခိုင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်းတိုးလာ

Admin 09 Jun 2023

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်အောင်ချက်မှာ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုနှစ်တွင် အောင်ချက် ၁၁ ဒသမ ၆၁ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

ရခိုင်တွင် မုန်တိုင်းအလွန် သွေးလွန်တုပ်ကွေး အဖြစ်များလာ

Admin 09 Jun 2023

“ခြင်ပေါက်ပွားမှုက အရမ်းမြန်နေတော့ ခြင်ကနေတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း မြန်မြန်ဆန်ဆန် များလာနိုင်တယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက် များလာနိုင်တယ်”

ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီက မြန်မာ့ပတ္တမြားနှင့် ကျောက်မျက်ရတနာ ရောင်းချခွင့်ကို ရပ်ဆိုင်း

Admin 09 Jun 2023

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွင် ပါဝင်လျက်ရှိသော စစ်ကောင်စီပိုင်ကုမ္ပဏီများ၊ စစ်ခေါင်းဆောင်များ၏ မိသားစုဝင်များပိုင်ဆိုင်သည့် ကုမ္ပဏီများကလည်း ဝင်ငွေရရှိနေကာ နိုင်ငံပိုင်လုပ်ငန်းများမှလည်း ဝင်ငွေရရှိနေသည်။

မုန်တိုင်းသင့်ပြည်သူများ နေထိုင်ရန်နေရာ အခက်အခဲရှိနေဆဲဟု ကုလထုတ်ပြန်

Admin 01 Jun 2023

မုန်တိုင်းဘေးဒဏ်သင့် လူဦးရေ ၆၃,၀၀၀ အတွက် အမိုးအကာနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ပံ့ပိုးနိုင်ခဲ့သော်လည်း ပြည်သူများလက်ဝယ်သို့ ပစ္စည်းများဖြန့်ဝေရာတွင် ပိုမိုကျယ်ပြန့်သည့် ဝင်ရောက်ကူညီခွင့် အရေးတကြီးလိုအပ်နေကြောင်း UNOCHA က ဆိုသည်။

စစ်ကောင်စီနှင့် ညီနောင်သုံးဖွဲ့ တွေ့ဆုံခြင်းမှာ တရုတ်ကြားဝင်မှုကြောင့်ဟု နိုင်ငံရေးအကဲခတ်များ ရှုမြင်

Admin 31 May 2023

စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (NSPNC)နှင့် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့တို့သည် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄)၊ NDAA ထိန်းချုပ်ရာ မိုင်းလားမြို့၌ ဇွန်လ ၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ရှိနေသည်။

KNDF ကို ညီနောင်သုံးဖွဲ့က စစ်လက်နက်များ ကူညီပေးထား

Admin 31 May 2023

“KNDF မှာ စစ်ကောင်စီ၏ ထိုးစစ်ကို အကောင်းဆုံးကြံ့ကြံ့ခံကာ ခုံခံတိုက်ခိုက်နိုင်သော ကရင်နီတို့၏ သမိုင်းသစ်ကို မျိုးဆက်သွေးသစ်လူငယ်များဖြင့် ပြောင်မြောက်စွာ ရေးထိုးနိုင်သော အဖွဲ့တစ်ခု” ဟု ညီနောင်သုံးဖွဲ့က ချီးမွှန်းထားသည်။

မောင်တောခရိုင်က ပညာရေးဝန်ထမ်းများ လစာနှစ်ဆ မရရှိသည်မှာ ၂ လအထိရှိလာ

Admin 31 May 2023

ယခင်က လစာနှစ်ဆရရှိခဲ့ပြီး ဧပြီနှင့် မေလတို့တွင် ဘဏ္ဍာငွေအခက်အခဲကြောင့်ဟုဆိုကာ လစာတစ်ဆတည်းသာ ရရှိကြောင်း မောင်တောမြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မုန်တိုင်းသင့်ရခိုင်တွင် မနက်ဖြန် အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်၊ ကျောင်းအပ်နှံထားသူ ၃၂၉,၀၀၀ ကျော်ရှိ

Admin 31 May 2023

ဇွန်လ ၁ ရက်နေ့တွင် ကျောင်းဖွင့်လှစ်ရန် ညွှန်ကြားထားသော်လည်း  မုန်တိုင်းဘေးသင့် ကျေးလက်ဒေသ အများစုတွင် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိ‌သေးသဖြင့် စာသင်ကြားရန် အခက်အခဲရှိနေကြသည်။

ရခိုင်တွင် မုန်တိုင်းအလွန် မိုးကြိုးပစ်ခံရ၍ ထိခိုက် သေဆုံးသူ ၅ ဦးအထိရှိလာ

Admin 31 May 2023

"မိုခါ"ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသူ လေးဦးနှင့် ဒဏ်ရရှိသူ တစ်ဦးအထိ ရှိလာနေသည်။

ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

Admin 30 May 2023

“မုန်တိုင်းပြီးကတည်းက ခြင်တွေပေါလာတယ်။ ရွာမှာက ဆေးရုံဆေးခန်းလည်း မရှိဘူး။ အခုကနေ ခြင်တွေ ဒီလောက်ပေါနေတာ၊ မိုးရာသီဆိုရင် ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအတွက် သိပ်အခက်အခဲ ရှိနိုင်ပါတယ်။"

မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ

Admin 30 May 2023

လက်ရှိတွင် ဒေသတွင်းအရပ်ဖက် လူမှုအဖွဲ့အစည်းများက မုန်တိုင်းဒဏ်သင့်မြို့နယ်များရှိ ကျေးရွာများသို့ ရေလာရောက်လှူဒါန်းမှုများရှိသော်လည်း လုံလောက်မှုမရှိကြောင်း ရွာသားများက ပြောသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား

Admin 30 May 2023

“မနေ့က ရွာ ၁၂ ရွာက ဒေသခံတွေကို ဆန်၊ တာပေါ်လင်စတွေပေးတယ်။ တာပေါ်လင်စတွေကတော့ အကုန်လုံးရတယ်။ နောက်ပြီးတော့ ကျနော်တို ရသေ့တောင်ဖက်မှာ ပျက်စီးသွားတဲ့ အိမ်တွေကို ULA/ AA ဖက်က ဝိုင်းကူဆောက်ပေးတာတွေရှိတယ်"

ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ

Admin 30 May 2023

အိမ်ခြေ ၁၄၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ ဂေါရောမဏီကျေးရွာတွင် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူး နှစ်ဗူးသာ အထောက်အပံ့ရရှိခဲ့သည်ဟု ကျေးရွာတာဝန်ခံ ဦးအေးကျော်က ပြောသည်။

မြေပုံမြို့နယ်က ပြည်သူ ၂,၀၀၀ ကျော်ကို မုန်တိုင်းဘေးလွတ်ရာသို့ AA ပို့ဆောင်

Admin 12 May 2023

ရခိုင်ပြည်၊ မြေပုံမြိုနယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကပြည်သူများ မုန်တိုင်းဘေးတိမ်းရှောင်နိုင်ရန် မေလ ၁၁ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်(ULA/AA)က ကူညီပို့ဆောင်ပေးနေသည်။

ရခိုင်တွင် ရာသီဥတုပူပြင်းမှုဒဏ်ကို လျော့ချနိုင်ရန် ကိုယ်ထူကိုယ်ထ သစ်ပင်စိုက်ပျိုးမှုများ တိုးချဲ့လုပ်ဆောင်လာ

Admin 10 May 2023

သစ်တော၊ ဒီရေတောများ ပြုန်းတီးလာမှု၏ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်သည့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကို လျော့ချနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ရခိုင်ပြည်တွင် လုပ်ဆောင်နေကြသည်။

မုန်တိုင်းရှိ၍ ပေါက်တောနှင့် မြေပုံ ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်

Admin 10 May 2023

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းအန္တရာယ်ကို ကြိုတင် ကာကွယ်သည့်အနေဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်ရှိ ပင်လယ်ကမ်းစပ်အနီး ကျေးရွာကိုးရွာမှ ဒေသခံ ၃,၄၀၀ ခန့်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။

ရေရှားပါးမှုကြုံနေရသည့် ရခိုင်က မြို့နယ်အချို့တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်များကို တူးဖော်လာကြ

Admin 09 May 2023

လာမည့်နှစ်များတွင် ရေရှားပါးမှုမဖြစ်စေရန် မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်များ တူးဖော်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်တွေ အိန္ဒိယဆိပ်ကမ်းသစ် စတင်လည်ပတ်

Admin 09 May 2023

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန်မြစ် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်းရည်ရွယ်ချက်မှာ ကာလကတ္တားဆိပ်ကမ်းနှင့် စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်အသုံးပြု၍ ချင်းပြည်နယ်၊ ပလက်ဝအထိ ရေလမ်း၊ ပလက်ဝဆိပ်ကမ်းမှ မီဇိုရမ်ပြည်နယ်အထိ ကားလမ်းဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက်ခြမ်းဒေသကို ဆက်သွယ်ပေးနိုင်ရေး ဖြစ်သည်။

ရိက္ခာရပ်ဆိုင်းမှု တစ်နှစ်ခန့်ကြာပြီးမှ စစ်တွေရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို စစ်ကောင်စီက ဆန်နှင့်ပစ္စည်းအချို့ ထောက်ပံ့

Admin 09 May 2023

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအား စစ်ကောင်စီလက်အောက်ခံ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်းထားသည်မှာ တစ်နှစ်ခန့်ရှိလာပြီဖြစ်သည်။

Showing 1,641-1,660 of 8,300 items.