အခက်အခဲ စိန်ခေါ်မှုတွေကြားက ရသေ့တောင်ဒေသ (အင်တာဗျူး)

Admin 17 Dec 2024

ရသေ့တောင်မြို့နယ်မှ ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ စစ်ဘေးရှောင်များ အခြေအနေနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းပြီး လူမှုကူညီရေးလုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ကိုကျော်လင်းဦးအား DMG က ဆက်သွယ်မေးမြန်းထားပါသည်။ 

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့အခြေအနေ ဘယ်လိုရှိနေလဲ

Admin 12 Dec 2024

ဂွမြို့နယ်အတွင်း တိုက်ပွဲအခြေအနေများ၊ ဒေသခံများ၏ ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ DMG ၏ မြေပြင်သတင်းရင်းမြစ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။ 

တရုတ် - မြန်မာ လုံခြုံရေးအစီအစဉ်နဲ့ ရှေ့ဆက်အလားအလာ

Admin 05 Dec 2024

တရုတ်နိုင်ငံမှ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာလျှင် စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအခင်းအကျင်းကို ရိုက်ခတ်လာမည့်အခြေအနေ၊ တရုတ်လုံခြုံရေးကုမ္ပဏီ အခြေစိုက်လာခြင်း အကြောင်းအရင်း စသည့် အခြေအများအား သဘောထားအမြင်များကို DMG က တင်ဆက်ထားသည်။

RSO ထံ ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင် လူငယ်တစ်ဦး ရင်ဖွင့်သံ

Admin 28 Nov 2024

တိုက်ပွဲကာလ မောင်တောမြို့တွင်းရှိ မွတ်ဆလင်ဒုက္ခသည်များအား လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် လေးမိုင်ရပ်ကွက်မှ ကိုနိုရ်မိုဝ်ထော်ဖါမှာ RSO အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရသည်။ ဖမ်းဆီးခံရစဉ် ကြုံခဲ့ရသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ DMG က တွေ့ဆုံမေးမြန်းထားသည်။

“ဒဏ်ရာကနာကျင်၊ ထမင်းစားဖို့ ဆန်မရှိတာကို စိတ်ပူရနဲ့ ငါသေခဲ့ရင်တောင် ကောင်းမယ်” 

Admin 08 Nov 2024

မသန်စွမ်းစစ်ဘေးရှောင်များ လက်ရှိကြုံတွေ့နေရသော အခက်အခဲ၊ လိုအပ်ချက်များကို ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ အသက် ၂၁ နှစ်အရွယ် စစ်ဘေးရှောင်  မခိုင်ခိုင်မာအား DMG က မေးမြန်းထားပါသည်။ 

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလိုပဲ”

Admin 25 Oct 2024

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရတယ်။  စိတ်ဓာတ် အများကြီးကျသွားပြီး တစ်ပတ်လောက် အစားအသောက်မဝင်ဘဲ ဖြစ်သွားတယ်။ ခံစားချက်တွေကို ပါးစပ်နဲ့ထုတ်ပြောဖို့ စကားလုံးတောင် မထွက်တော့ဘူး" 

" Pad ထုတ် မဝယ်နိုင်လို့ ထမိန်တွေ နှစ်ထပ်သုံးထပ်ဝတ်ပြီး နေရတယ်"

Admin 21 Oct 2024

နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများထဲတွင် အမျိုးသားများထက် အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုများနှင့် အခက်အခဲများစွာကို ပို၍ကြုံတွေ့နေကြရသည်။ 

အနာဂတ်အိပ်မက် ပျောက်ဆုံးနေသည့် ရခိုင်က အမျိုးသမီးငယ်များ၏ စကားသံ

Admin 27 Sep 2024

ကျေးလက်ဒေသက တက္ကသိုလ်ကျောင်းသူများအပါအဝင် လူငယ်အမျိုးသမီးများသည် ဘဝတက်လမ်း အခွင့်အလမ်းများ မရရှိနိုင်တော့သဖြင့် အိမ်မှုကိစ္စ (မီးဖိုချောင်အလုပ်) နှင့် ကြုံရာကျပန်း အလုပ်များကို လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြတ်သန်းနေကြသည်။

“စစ်ဘေးရှောင်တွေရဲ့ အရေးပေါ် လိုအပ်ချက်က ငွေကြေးပေါ့၊ ငွေရှိရင် အကုန်အဆင်ပြေတယ်လေ” 

Admin 24 Sep 2024

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပုဏ္ဏားကျွန်းမြို့အပါအဝင် စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့မှ တိမ်းရှောင်လာသူသော စစ်ဘေးရှောင် ၆ သောင်းခန့် ရှိနေသည်။ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဌ ကိုပြည့်ဖြိုးနိုင်ကို မေးမြန်းထားပါသည်။ 

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသန အကြံပေး ကိုမိုးထက်နေနှင့် ဆက်သွယ်မေးမြန်းခြင်း 

Admin 23 Sep 2024

လူထုအနေနဲ့ကတော့ နွေဦးတော်လှန်ရေး အစပိုင်းကတည်းက နိုင်ငံတကာမိသားစုရဲ့ အကူအညီ၊ အကာကွယ်တွေ ရရှိနိုင်ဖို့ မျှော်လင့်ချက်တွေ ထားရှိခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် R2P ဆောင်ရွက်ပေးဖို့၊ လေကြောင်းမပျံသန်းရလို့ သတ်မှတ်ပေးဖို့ ဆိုတာမျိုးတွေကို အားကိုးတကြီး တောင်းဆိုနေကြတာဖြစ်တယ်။ ဒါပေမဲ့ ...

ရခိုင်ဒေသ၏ အနာဂတ်အရေး အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Diplomat ဆက်သွယ်မေးမြန်းချက် (၂)

Admin 12 Sep 2024

“ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ်တစ်ရပ် ရှိပါလိမ့်မယ်။ စစ်တပ်ကတော့ ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမှာပါ”

ရခိုင်ဒေသ၏ အနာဂတ်အရေး အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Diplomat ဆက်သွယ်မေးမြန်းချက် (၁)

Admin 10 Sep 2024

ပြည်ပရောက် မွတ်ဆလင်အချို့ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအုပ်စုအချို့က ဘယ်လိုပဲ စွပ်စွဲနေပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေဟာ အာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်လူမျိုးစုတွေ အပေါ်သော်လည်းကောင်း၊ အခြား အသိုင်းအဝိုင်းတွေကိုသော်လည်းကောင်း ကြီးမားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်စရာ အကြောင်းမရှိဘူး ဆိုတာကို ကျွန်တော်တို့ အာမခံနိုင်ပါတယ်။

တိုက်ပွဲ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ်ခြိမ်းခြောက်တာ ဘာကြောင့်လဲ

Admin 31 Aug 2024

တရုတ်သည် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ခြင်းမပြုဟု ပြောဆိုထားသော်လည်း ယခုအခါတွင် TNLA အပေါ် ရာဇသံကဲ့သို့ ခြိမ်းခြောက်သတိပေးခြင်းအပေါ် နိုင်ငံရေးသမားများနှင့် တရုတ်အရေး လေ့လာစောင့်ကြည့်သူများ၏ သဘောထားအမြင်များကို DMG က တင်ဆက်ထားသည်။ 

“လက်နက်နဲ့ သတ်စရာမလိုဘဲ ငတ်ပြီး သေသွားနိုင်တယ်”

Admin 30 Aug 2024

စစ်ကောင်စီသည် ရသေ့တောင် - ပုဏ္ဏားကျွန်းနယ်စပ်ရှိ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများကို ဇွန်လမှစ၍ မြို့တွင်းသို့ အဓမ္မပြောင်းရွှေ့ခဲ့သည်။ ရွှေ့ပြောင်းခံရသူများ လက်ရှိဖြတ်သန်းနေရသော အခြေအနေများကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။

ရခိုင်က ဌာနဆိုင်ရာဝန်ထမ်းများကို အရေးယူရန် စစ်ကောင်စီက စီစဉ်နေမှုအပေါ် ဝန်ထမ်းတို့၏စကားသံများ 

Admin 03 Aug 2024

ဌာနဆိုင်ရာဝန်ထမ်းများ အလုပ်တာဝန်ပျက်ကွက်သည် ဟုဆိုကာ အရေးယူမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည့်အပေါ်  နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်က ဝန်ထမ်းအချို့၏ သဘောထားများကို တင်ဆက်လိုက်သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးနှင့် အင်တာဗျူး

Admin 20 Jul 2024

စစ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်ထိ သုံးနှစ်တာအတွင်း အမျိုးသမီးများရင်ဆိုင်နေရသော စိန်ခေါ်မှုနှင့် အခက်အခဲများအား မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးကို DMG က ဆက်သွယ်မေးမြန်းထားသည်။

“ဖမ်းဆီးခံထားရတဲ့အချိန်မှာ အသက်ရှင်မယ်လို့တောင် မထင်ထားဘူး”

Admin 11 Jul 2024

ဘူးသီးတောင်တိုက်ပွဲကာလအတွင်း ခရုချောင်း(မွတ်ဆလင်)ကျေးရွာမှ ဒေသခံ (၃၅) ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး ခမရ (၃၅၃) တပ်ရင်းတွင် ချုပ်နှောင်ထားခဲ့သည်။ ၎င်းတပ်ရင်းအား AA သိမ်းပိုက်ပြီးနောက် လွတ်မြောက်လာသူများထဲမှ ဆော်လိမ်မိုလာကို DMG က မေးမြန်းထားပါသည်။  

လူမျိုးတုံးသတ်ဖြတ်မှုကြောင့် အရေးယူရမည့်လူစာရင်းထဲ ဒေါ်စုနှင့် ဦးထင်ကျော် ပါဝင်မှုအပေါ် အမြင်များ

Admin 02 Jul 2024

အာဂျင်တီးနားအစိုးရရှေ့နေက စစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ရန် တရားရုံးထံ ယခုနှစ် ဇွန်လ ၂၈ ရက်က တင်သွင်းခဲ့သည့်လျှောက်လွှာထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော် တို့၏ အမည်များလည်း ပါဝင်လာခဲ့သည်။ 

Showing 1-20 of 203 items.