- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့ကို ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး ၂ ပတ်ကြာ ပိတ်မည် (သတင်းတို)
ရခိုင်ပြည် ရမ်းဗြဲမြို့ကို ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ၂ ပတ်ကြာ မြို့အဝင်အထွက်ပိတ်ထားမည်ဖြစ်ပြီး တစ်ခြားမြို့နယ်မှ လာရောက်သူများကို ဝင်ရောက်ခွင့်ပြုကြောင်း ရမ်းဗြဲ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပရဟိတအဖွဲ့မှ ဂိတ်ခေါင်းဆောင် ကိုထွန်းနိုင်က ပြောသည်။
19 Jul 2021
DMG ၊ ဇူလိုင် ၁၉
ရခိုင်ပြည် ရမ်းဗြဲမြို့ကို ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ၂ ပတ်ကြာ မြို့အဝင်အထွက်ပိတ်ထားမည်ဖြစ်ပြီး တစ်ခြားမြို့နယ်မှ လာရောက်သူများကို ဝင်ရောက်ခွင့်ပြုကြောင်း ရမ်းဗြဲ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပရဟိတအဖွဲ့မှ ဂိတ်ခေါင်းဆောင် ကိုထွန်းနိုင်က ပြောသည်။
" မနက်ဖြန် ၂၀ ရက်နေ့ကစပြီး ပိတ်ပါမယ်၊ ကျွန်တော်တို့က မြို့နယ်အတွင်းက သူတွေကို မနက် ၆ နာရီ ၁၂ နာရီထိ စားနပ်ရိက္ခာအတွက် ဈေးဝယ်တာတွေကို ခွင့်ပြုပေးသွားမယ်၊ ၁၂ နာရီနောက်ပိုင်းဆိုရင် ဈေးဆိုင်တွေလည်း အကုန်ပိတ်သွားမယ်၊ မြို့နယ်ခြားက လာမယ့်သူတွေကတော့ လုံးဝ ဝင်လို့မရတော့ပါဘူး၊ ကျွန်နော်တို့ မြို့ကို ၂ ပတ်ကြာ ပိတ်ထားမှာပါ" ဟု ကိုထွန်းနိုင်က ဆိုသည်။
ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းများအတိုင်း လိုက်နာနေထိုင်စေရန် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သူကဆိုသည်။
ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃၈ ဦးထိရှိကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၁ ဦးရှိပြီဟု သိရသည်။