- အထင်ကရ သတင်းစာတိုက်ကြီးကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ တောင်းဆို
- တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ညဈေးတန်း မီးလောင်ပျက်စီး
- ရခိုင်ကျောင်းသားဟောင်း ကိုမြတ်ဟိန်းထွန်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ
- စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်
- ပိုးသတ်ဆေး မဖျန်းနိုင်၍ ရခိုင်က ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုရှိလာ
တောင်နှင့်မြောက်ကိုရီးယားအကြား အရေးပေါ်ဆက်သွယ်ရေးလိုင်း ပြန်ဖွင့်
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ချိတ်ဆက်ထားသည့် အရေးပေါ် ဆက်သွယ်ရေးလိုင်းအား ပြန်လည်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Oct 2021
DMG ၊ အောက်တိုဘာ ၅
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ချိတ်ဆက်ထားသည့် အရေးပေါ် ဆက်သွယ်ရေးလိုင်းအား ပြန်လည်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သြဂုတ်လတည်းက ဖြတ်တောက်ထားသည့် ဆက်သွယ်ရေးလိုင်းကို ပြန်လည်ချိတ်ဆက်အပြီး နှစ်ဘက်အရာရှိများ အပြန်အလှန် ဖုန်းခေါ်ဆိုခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
ပြုံယမ်းက သီတင်းပတ်အနည်းငယ်အတွင် ဒုံကျည်စမ်းသပ်ပစ်ခတ်မှု အမြောက်အများ ပြုလုပ်သည့်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်မှုများ ရှိနေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်လည်း အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန် ရှိနေချိန်၌ မြောက်ကိုရီးယားက ယခုကဲ့သို့ ဆက်သွယ်ရေးလိုင်း ပြန်လည် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေခဲ့ပြီးနောက် ပြီးခဲ့သော ဇူလိုင်လတွင် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးများ ပြန်လည်ပြုလုပ်နိုင်ခဲ့သဖြင့် အံ့သြဖွယ်ရာ ဖြစ်နေခဲ့သည်။
သို့သော်လည်း ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်အပြီး နှစ်ပတ်ခန့်အကြာတွင် မြောက်ကိုရီးယားဘက်မှ တယ်လီဖုန်း လက်ခံဖြေဆိုခြင်း မရှိတော့သဖြင့် ဆက်ဆံရေးမှာ ပြန်လည် ရပ်ဆိုင်းသွားခဲ့သည်။
နယ်စပ်ဖြတ်ကျော်ပြီး စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများလည်း ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
“တောင်-မြောက် ဆက်သွယ်ရေးလိုင်းကို ပြန်လည် ဖွင့်လှစ်လိုက်ခြင်း နှင့်အတူ… တောင်ကိုရီးယားအစိုးရ အနေဖြင့် လက်တွေ့ကျသော အပြန်အလှန် ဆွေးနွေးမှုများဖြင့် ကိုးရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပြန်လည်အသက်သွင်းနိုင်မည်ဟု မျှော်လင့်” ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။