- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
PLA သူပုန် ငါးဦးအား မြန်မာက အိန္ဒိယသို့ လွှဲပြောင်းပေးအပ်
အိန္ဒိယ-မြန်မာ နယ်စပ်တွင် လက်နက်ကိုင်လှုပ်ရှားနေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့ဝင်ငါးဦးအား မြန်မာဘက်က အိန္ဒိယသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၇
အိန္ဒိယ-မြန်မာ နယ်စပ်တွင် လက်နက်ကိုင်လှုပ်ရှားနေသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တပ်ဖွဲ့ဝင်ငါးဦးအား မြန်မာဘက်က အိန္ဒိယသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့ငါးဦးကို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်သို့ အိန္ဒိယစစ်ဘက်လေယာဉ်တစ်စီးဖြင့် ဗုဒ္ဓဟူးနေ့တွင် ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးထံမှ သိရသည်ဟု အေပီသတင်းက ဖော်ပြသည်။
PLA လက်နက်ကိုင်တပ်သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးအတွက် မဏိပူရပြည်နယ်တွင် ၁၉၇၈ ခုနှစ်မှစတင်၍ လက်နက်ကိုင်တော်လှန်နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။ ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် အာသံရိုင်ဖယ်တပ်မှ တပ်မှူး၊ ဇနီးနှင့် ကလေးငယ်တို့အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုအား မိမိတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း PLA အဖွဲ့က ပြောကြားထားသည်။
အိန္ဒိယအာဏာပိုင်များဘက်ကမူ ယခုကဲ့သို့ လွှဲပြောင်းပေးမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ငြင်းဆန်သည်။
မြန်မာအာဏာပိုင်များသည် PLA အဖွဲ့ဝင်ငါးဦးအား ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် ဖမ်းမိခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်တစ်ခုသို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ကြောင်း အေပီသတင်းဌာနသို့ ဖြေကြားသည့် ရဲအရာရှိ၏ ပြောကြားချက်အရသိရသည်။
မြန်မာသည် ၂၀၂၀ ခုနှစ်အတွင်း အိန္ဒိယလက်နက်ကိုင် အဖွဲ့ ခြောက်ဖွဲ့မှ ဖမ်းမိထားသော သူပုန် ၂၂ ဦးကိုလည်း လွှဲပြောင်းပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် လွှဲပြောင်းခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ခွဲထွက်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်အုပ်စု အရေအတွက် ဒါဇင်နှင့်ချီ ရှိပြီး အဆိုပါအုပ်စုများသည် အိန္ဒိယဘက်တွင် တိုက်ခိုက်မှုများ ပြုလုပ်ကာ နယ်စပ်မှတစ်ဆင့် မြန်မာဘက်သို့ ဝင်ရောက်ပြီး တိမ်းရှောင်လေ့ရှိကြသည်။