- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ထိုင်းတွင် အရပ်သားမွတ်ဆလင် ၃ ဦးကိုသတ်မှုဖြင့် စစ်သားနှစ်ဦးကို စွဲချက်တင်
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော ထိုင်းနိုင်ငံတွင် မလေး - မွတ်ဆလင်သူပုန်များက နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လက်နက်ကိုင်အုံကြွမှုများရှိနေပြီး စစ်တပ်နှင့် ယင်းသူပုန်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်သည်။
26 Dec 2019
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အရပ်သားမွတ်ဆလင် ၃ ဦးကို ပစ်ခတ်ခဲ့သော စစ်သား ၂ ဦးကို လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၅ ရက်တွင် ကြေညာခဲ့သည်ဟု AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သူပုန်များနှင့်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး လက်နက်ကိုင်တိုက်ခိုက်မှုအန္တရာယ်များရှိနေသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အရပ်သားများကို မှားယွင်းပစ်ခတ်၊ သတ်ဖြတ်ခဲ့မိသည့်အတွက် ဝမ်းနည်းကြောင်း ထိုင်းစစ်တပ်က ပြီးခဲ့သောအပတ်က ကြေညာချက်ထုတ်ခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သော ထိုင်းနိုင်ငံတွင် မလေး - မွတ်ဆလင်သူပုန်များက နိုင်ငံတောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လက်နက်ကိုင်အုံကြွမှုများရှိနေပြီး စစ်တပ်နှင့် ယင်းသူပုန်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်သည်။
အဆိုပါတိုက်ပွဲများအတွင်း သေဆုံးသူဦးရေ ၇၀၀၀ ကျော်ခန့်ရှိပြီဖြစ်ကာ သေဆုံးသူအများစုမှာ အရပ်သားများဖြစ်ကြပြီး ဗုဒ္ဓဘာသာဝင်များရော၊ မွတ်ဆလင်ဘာသာဝင်များပါ ပါဝင်ကြသည်။
ထိုသို့အရပ်သားသေဆုံးမှုများကို ယခင်က စုံစမ်းစစ်ဆေးသည့်ဖြစ်စဉ်မျိုးမှာ မရှိသလောက်ရှားပါးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မှားယွင်းပစ်ခတ်ခဲ့မိသည့် စစ်သား ၂ ဦးက ၎င်းတို့ကိုယ်တိုင် အာဏာပိုင်များထံ လာရောက်ဖမ်းဆီးခံခဲ့ ခြင်းကြောင်း ထိုင်းတောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားသည်။
၎င်းတို့ ၂ ဦးစလုံးကို လူသတ်မှုဖြင့်စွဲချက်တင်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် နာရင်ဘော့စမန်းက သတင်းဌာနကိုပြောကြားသည်။
သေဆုံးသူအမျိုးသား ၃ ဦး၏အလောင်းများကို ထိုင်းနိုင်ငံတောင်ပိုင်းရှိ သစ်တောများထူထပ်ခြင်းကြောင့် သူပုန်များ ပုန်းအောင်းလေ့ရှိသည့်နေရာဟု ယူဆထားသော တောင်တန်းဒေသမှတွေ့ရှိခဲ့ရသည်။
ယခုအခါတွင် အာဏာပိုင်များက မှားယွင်းဖမ်းဆီးပစ်ခတ်မိခြင်းမျိုး မရှိစေရန်အတွက် ယင်းနေရာများသို့ဝင်ရောက်ပြီး ဟင်းစားရှာခြင်း၊ တိရစ္ဆာန်များအတွက် အစာရှာခြင်းများ မပြုလုပ်ရန်ဒေသခံရွာသားများကို သတိပေးဆိုင်းဘုတ် တပ်ဆင်ထားသည်ကို တွေ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ပြောကြားချက်အရ သိရသည်။
မှားယွင်းပစ်ခတ်ခံရခြင်းကြောင့် အရပ်သားသေဆုံးရမှုများမှာ ယခင်ကတည်းက အများအပြားရှိခဲ့ပြီး စုံစမ်းစစ်ဆေးအရေးယူခြင်းမျိုးမှာ မရှိသလောက်ရှားပါးခဲ့သဖြင့် ယခုကဲ့သို့ စစ်သား ၂ ဦးကိုစွဲချက်တင်ခြင်းမှာ တရားမျှတမှုအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခြင်းဖြစ်ကြောင်း၊ သို့သော် ဆက်လက်လုပ်ဆောင်စရာ အများအပြားကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ထိုင်းလူမျိုးအကြီးတန်းသုတေသန အရာရှိ ဆူနိုင်ဖာဆွက်ခ် ကပြောကြားသည်။