- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြောက်ကိုရီးယားသင်္ဘောတစ်စီးကို တောင်ကိုရီးယားက သတိပေးပစ်ခတ်
ကုန်သင်္ဘောဟုယူဆရသော မြောက်ကိုရီးယားသင်္ဘောတစ်စီးသည် ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ၊ ၂၇) တွင် တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျော်ဖြတ်လာသဖြင့် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်ခဲ့ရကြောင်း ABC သတင်းတစ်ပုဒ် တွင်ဖော်ပြထားသည်။
28 Nov 2019
ကုန်သင်္ဘောဟုယူဆရသော မြောက်ကိုရီးယားသင်္ဘောတစ်စီးသည် ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ၊ ၂၇) တွင် တောင်ကိုရီးယား ရေပိုင်နက်ထဲသို့ ကျော်ဖြတ်လာသဖြင့် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်ခဲ့ရကြောင်း ABC သတင်းတစ်ပုဒ် တွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားသင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့်၊ သို့မဟုတ် စက်ချို့ယွင်းမှုကြောင့် ရေပိုင်နက်ကိုကျော်လွန် လာခြင်းဖြစ်မည်ဟု ယူဆရကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားခဲ့ပြီး နောက်ထပ်ပစ်ခတ်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပေ။
ယခုတစ်ကြိမ် မြောက်ကိုရီးယားသင်္ဘောကို သတိပေးပစ်ခတ်မှုသည် ၂၀၁၇ ခုနှစ်မှစတင်တာဝန်ယူခဲ့သော လက်ရှိတောင်ကိုရီးယား အစိုးရလက်ထက်တွင် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး စက်တင်ဘာလထဲတုန်းကလည်း ယခုကဲ့သို့ သတိပေးပစ်ခတ်ခဲ့ရမှု တစ်ကြိမ်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်ကိုရီးယားနှင့် အငြင်းပွားရေပိုင်နက်အနီးတွင် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားက နိုဝင်ဘာ၊ ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကြောင်းနှင့် ယင်းလုပ်ရပ်မှာ ကိုရီးယားကျွန်းစွယ် သဘောတူညီမှုကို ချိုးဖောက်ရာရောက်ကြောင်း တောင်ကိုရီးယားက နိုဝင်ဘာ၊ ၂၆ တွင် သတိပေးပြောကြားခဲ့သည်။
ကိုရီးယားနှစ်နိုင်ငံကြား ပင်လယ်ရေပိုင်နက်အငြင်းပွားမှုမှာလည်း တင်းမာမှုများပေါ်ပေါက်ရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်လျက်ရှိသည်။
အဆိုပါရေပိုင်နက်အငြင်းပွားမှုအတွက်နှင့် ပြီးခဲ့သောနှစ်များအတွင်း တောင်နှင့်မြောက် ကိုရီးယားနိုင်ငံတို့ကြားတွင် လူအသေအပျောက်ရှိခဲ့သော ရေတပ်ချင်းပစ်ခတ်တိုက်ခိုက်ခဲ့မှုများရှိခဲ့သည်။
၂၀၁၀ ခုနှစ်က နှစ်နိုင်ငံရေပိုင်နက်နယ်နမိတ်အနီးတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယား စစ်သား ၅၀ ခန့် ကျဆုံးခဲ့သည်။
တောင်နှင့်မြောက် ဆက်ဆံရေးမှာ ပြီးခဲ့သောနှစ်က တွေ့ဆုံဆွေးနွေးမှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီးနောက်တွင် တင်းမာမှုများ လျော့ကျခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်အောင် ဆက်လုပ်လုပ်ဆောင်ရန် နှစ်ဖက်ခေါင်းဆောင်များကြား သဘောတူညီမှုရရှိခဲ့သော်လည်း ထို့နောက်ပိုင်းတွင် အခြေအနေမှာ ဆက်လက်တိုးတက်လာခြင်း မရှိသေးပေ။
ထို့အတူ နူကလီးယားဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးညှိနှိုင်းမှုမှာ လည်း အစပိုင်းတွင် အဆင်ပြေခဲ့သည့်အသွင်ရှိသော်လည်း လက်ရှိအချိန်ထိ ထင်ရှားသည့်တိုးတက်မှု တစ်စုံတစ်ရာ မရရှိသေးပေ။