- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်တပ်ခေါင်းဆောင်အား ထိပ်သီးအစည်းအဝေးသို့ တက်ခွင့်မပြုရန် အာဆီယံ ဆုံးဖြတ်
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယခုလကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆုံးဖြတ်လိုက်ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Oct 2021
DMG ၊ အောက်တိုဘာ ၁၆
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယခုလကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆုံးဖြတ်လိုက်ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သို့သော်လည်း နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးအား မြန်မာကိုယ်စားပြုပြီး အာဆီယံ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဟု စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်နေသည့် မြန်မာအရေးနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန် မြန်မာစစ်အုပ်စုဘက်က ဆက်လက်ငြင်းဆန်နေပါက အာဆီယံအစည်းအဝေး၌ မြန်မာနေရာကို ကိုယ်စားပြုသူမရှိဘဲ ယခုအတိုင်း နေရာအလွတ် ရှိနေမည်ဟုလည်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ရှိထားသဖြင့် မြန်မာကို မဖိတ်ခေါ်ဘဲ ထားမည့် အာဆီယံ၏ လုပ်ရပ်သည် ပုံမှန်မဟုတ်သည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
မြန်မာ့အရေးကို ကူညီဖြေရှင်းပေးရန် အာဆီယံအဖွဲ့က ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် အာဝင်ယူဆော့သည် မြန်မာနိုင်ငံသို့ လာရောက်ချိန်၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများ အားလုံးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုထားသည်။
မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ရာဇဝတ်မှုနှင့် တရားရင်ဆိုင်နေရသဖြင့် အာဝင်ယူဆော့အနေဖြင့် သူ့ကို တွေ့ခွင့်ရမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ အဆိုပါတုံ့ပြန်ချက် ထွက်ပေါ်လာပြီးနောက်တွင် အာဝင်ယူဆော့သည့် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။