- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ စံချိန်တင်မိုးကြီးပြီး အနည်းဆုံး ၈ ဦးသေဆုံး
တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်နှင့် အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားသည်။
10 Aug 2022
DMG ၊ ဩဂုတ် ၁၀
တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်နှင့် အနီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက သြဂုတ်လ ၉ ရက်နေ့တွင် ပြောကြားသည်။
မိုးသည်းထန်မှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကာ လမ်းများနှင့် မြေအောက်ရထားဘူတာများသည် ရေမြုပ်ခဲ့သည်။
ဆိုးလ်တောင်ပိုင်းတွင် တနင်္လာနေ့နှောင်းပိုင်း၌ မိုးရေချိန်သည် တစ်နာရီလျှင် ၁၀၀ မီလီမီတာအထိရှိပြီး အချို့နေရာများတွင် မိုးရေချိန် ၁၄၁.၅ မီလီမီတာအထိ မြင့်တက်ခဲ့သည်။
ယခုမိုးရွာသွန်းမှုသည် နှစ်ပေါင်း ၈၀ အတွင်း အဆိုးဆုံးဖြစ်ကြောင်း တောင်ကိုရီးယား မိုးလေဝသ ညွှန်ကြားရေးဦးစီးဌာန (KMA) ၏ ပြောကြားချက်ကိုကိုးကားပြီး ဒေသခံမီဒီယာတစ်ခုက ဖော်ပြသည်။ ဗုဒ္ဓဟူးနေ့အထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း KMA က ခန့်မှန်းထားသည်။
လူထူထပ်ပြီး အသွားအလာရှုပ်ထွေးသည့် ဂန်နန်ခရိုင်တွင် အဆောက်အအုံအချို့သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ရေပြည့်နေတာ ကားများ၊ ဘတ်စ်ကားများနှင့် မြေအောက်ဘူတာများသည်လည်း ရေမြုပ်လျက်ရှိသည်။
အင်္ဂါနေ့အစောပိုင်း၌ ဆိုးလ်တွင် သေဆုံးသူအရေအတွက်သည် ငါးဦးထက်မနည်းရှိသည်။ အဆောက်အအုံတစ်လုံး ရေပြည့်ချိန်၌ ပိတ်မိသွားပြီး သေဆုံးသူ လေးဦးရှိကာ၊ ဓာတ်လိုက်သေဆုံးသည်ဟု ယူဆရသူ တစ်ဦး၊ ကားမှတ်တိုင်အပျက်အစီးများအောက်တွင် သေဆုံးနေသူတစ်ဦး၊ မြေပြိုမှုကြောင့် သေဆုံးသွားသူ နှစ်ဦးရှိသည်ဟု သဘာဝဘေးအန္တရာယ် တုံ့ပြန်မှုဆိုင်ရာ ဗဟိုဌာနက ပြောကြားသည်။